
ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်
အမေရိကန်နိုင်ငံဟာ တနင်္ဂနွေနေ့က အီရန်နိုင်ငံရှိ ဖော်ဒိုး နျူကလီးယားစက်ရုံကို တိုက်ခိုက်ရာ မှာ ဘန်ကာခွင်းဗုံးတွေ အသုံးပြုခဲ့တယ်လို့ ပင်တဂွန် တာဝန်ရှိသူတွေက ပြောပါတယ်။
“ဒါဟာ မယုံကြည်နိုင်စရာ အောင်မြင်မှုတစ်ခုပါ။ ကျွန်တော်တို့ အီရန် နျူကလီးယား အစီအစဉ် ကို ဖျက်ဆီးခဲ့ပါတယ်” လို့ ဝါရှင်တန်ဒီစီမြို့တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အမေရိကန် ကာ ကွယ်ရေးဝန်ကြီး Pete Hegseth က ပြောပါတယ်။
အမေရိကန်နိုင်ငံဟာ မြေအောက်နယ်မြေတွေ၊ အခိုင်အမာလုပ်ထားတဲ့ ဘန်ကာတွေနဲ့ ဥမင် လိုဏ်ခေါင်းတွေကို တိုက်ခိုက်ရာမှာ အသုံးပြုတဲ့ GBU-57 အင်အားပြင်းဗုံးနဲ့ ဖျက်ဆီးခဲ့တာပါ။
အမေရိကန်ရဲ့ B2 ဗုံးကြဲလေယာဉ်ဟာ စနေနေ့ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၄၀ မိနစ်မှာ တစ်ကြိမ်၊ တနင်္ဂနွေနေ့ အီရန်စံတော်ချိန် မနက် ၂ နာရီ ၁၀ မိနစ်မှာတစ်ကြိမ် ဖာဒိုး နျူကလီးယား စက်ရုံကို ဗုံးနှစ်လုံးကြဲခဲ့တာလို့ ပူးတွဲစစ်ဉီးစီးချုပ်များဥက္ကဌ ဒန်ကိန်းက ပြောပါတယ်။
ကျန်ရှိသော ဗုံးကြဲလေယာဉ်တွေက ဘန်ကာခွင်းဗုံး ၁၄ လုံး အသုံးပြုပြီး ပစ်မှတ်တွေကို တိုက် ခိုက်ခဲ့တာလို့ သူက ရှင်းပြပါတယ်။
အစ်ဖာဟန်မြို့ရှိ အီရန် နျူကလီးယားစက်ရုံကို တိုက်ခိုက်ဖို့ တိုမာဟော့ခ်ဒုံးကျည်တွေ အသုံးပြု ခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
စစ်ဆင်ရေးဟာ အီရန်တပ်ဖွဲ့တွေ သို့မဟုတ် အရပ်သားတွေကို ပစ်မှတ်မထားခဲ့ကြောင်း၊ ယခု မစ်ရှင်ဟာ အီရန်နိုင်ငံမှာ အစိုးရအပြောင်းအလဲနဲ့ မပတ်သက်ကြောင်း Pete Hegseth က ပြောပါတယ်။
ကိုးကား – NHK
Ref; Pentagon: US used ‘bunker buster’ bombs in Iran attack
#Ayeyarwaddy_Times