ဧရာဝတီတိုင်းမ်
ဇွန် ၂၃ ရက်

မကြာသေးမီက ပါကစ္စတန်-အိန္ဒိယ ပဋိပက္ခမှာ အဆုံးအဖြတ်ပေးတဲ့ သံတမန်ရေးရာ ကြားဝင် ဆောင်ရွက်မှုကို အသိအမှတ်ပြုသောအားဖြင့် ၂၀၂၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုအတွက် အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ထောက်ခံတယ်လို့ ပါကစ္စတန်နိုင်ငံက ကြေညာလိုက်ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် နှစ်နိုင်ငံကြား တင်းမာမှုတွေ ဖြေလျှော့ခဲ့ပြီး နျူ ကလီးယားလက်နက်ပိုင် အိမ်နီးချင်းနှစ်နိုင်ငံကြား စစ်ပွဲကို ရှောင်လွှဲနိုင်ခဲ့တယ်လို့ ပါကစ္စတန်နိုင်ငံက ပြောပါတယ်။

“ဒေါ်နယ်ထရမ့်ရဲ့ ကြားဝင်ဆောင်ရွက်မှုကြောင့် ပါကစ္စတန်နဲ့အိန္ဒိယကြား ဆိုးရွားလာတဲ့ အခြေ အနေကို အရှိန်လျှော့ချနိုင်ခဲ့ပါတယ်” လို့ ပါကစ္စတန်နိုင်ငံက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

အမေရိကန်နိုင်ငံက အပစ်အခတ်ရပ်စဲဖို့ ကြားဝင်ဖျန်ဖြေခဲ့ပြီး နျူကလီးယားစစ်ပွဲမဖြစ်အောင် ဟန့်တားနိုင်ခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က မေလ ၁၀ ရက်မှာ ကြေညာခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က ပါကစ္စတန်စစ်ဉီးစီးချုပ် ဗိုလ်ချုပ်ကြီး အဆင်းမူနာနဲ့ ဗုဒ္ဓဟူးနေ့က အိမ်ဖြူ တော်မှာ တွေ့ဆုံပြီးနောက် ပါကစ္စတန်နိုင်ငံက ယခုကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အိန္ဒိယနဲ့ပါကစ္စတန်ကြား အငြင်းပွား ဂျန်မူးနဲ့ကက်ရှ်မီးယားဒေသကို ဖြေရှင်းဖို့ သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ ကမ်းလှမ်းချက်တွေကို များစွာ အထင်ကြီးမိတယ်လို့ ပါကစ္စတန်နိုင်ငံက ပြောပါတယ်။

“တောင်အာရှဒေသမှာ တာရှည်ခံတဲ့ ငြိမ်းချမ်းရေးရဖို့က ဂျန်မူးနဲ့ ကက်ရှ်မီးယားဒေသနဲ့ပတ် သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေ အကောင်အထည်ဖော်ဆောင်တဲ့အထိ ခက်ခဲ နေပါလိမ့်မယ်” လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ပါကစ္စတန်နဲ့ နယ်စပ်အငြင်းပွားမှုမှာ တတိယအဖွဲ့အစည်းရဲ့ ကြားဝင်ဖျန်ဖြေမှုကို လက်မခံဘူး လို့ ဗုဒ္ဓဟူးနေ့က ဒေါ်နယ်ထရမ့်နဲ့ ဖုန်းပြောဆိုမှုမှာ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီက ထပ်လောင်းအ တည်ပြုခဲ့ပါတယ်။

ကိုးကား – Anadolu
Ref; Pakistan recommends US President Trump for 2026 Nobel Peace Prize

#Ayeyarwaddy_Times