
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ပြည်သူတွေ ဗုံးကြဲခံနေရချိန်မှာ အမေရိကန်နိုင်ငံနဲ့ စေ့စပ်ညှိနှိုင်းမှုတွေ မလုပ်နိုင်ဘူးလို့ အီရန် နိုင်ငံခြားရေးဝန်ကြီး အဘတ်စ်အရာချီက ပြောပါတယ်။
စနေနေ့က တူရကီနိုင်ငံမှာကျင်းပတဲ့ အစ္စလမ္မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (OIC) အ စည်းအဝေးကို မတက်ရောက်မီ ၎င်းက သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာပါ။
အစ္စရေးက အီရန်နိုင်ငံကို လေကြောင်းတိုက်ခိုက်မှုတွေ အရင်ဆုံး ရပ်တန့်ပေးဖို့ သူက တောင်း ဆိုခဲ့ပါတယ်။ “တစ်ဖက်ဖက်က အနိုင်ရနေရင် တောင်းဆိုမှုပြုလုပ်ဖို့ ခက်ခဲတယ်” လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သောကြာနေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးက ဒီလအစောပိုင်းမှာ အီရန်အပေါ် လက်ဉီးမှုရယူ တိုက်ခိုက်မှုတွေပြုလုပ်ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်နေပါတယ်။
အီရန်နိုင်ငံအလယ်ပိုင်း အစ်ဖာဟန်ဒေသမှာ ဒုံးကျည်ပစ်စင်တွေနဲ့ ဒရုန်းပစ်စင်တစ်ခုကို တိုက် ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က စနေနေ့မှာ ပြောကြားခဲ့ပါတယ်။
အစ္စရေးဂျက်တိုက်လေယာဉ်တွေဟာ အီရန်နိုင်ငံအနောက်တောင်ပိုင်းရှိ စစ်ရေး အခြေခံအ ဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
အစ်ဖာဟန်ဒေသရှိ နျူကလီးယားနယ်မြေတစ်ခုဟာ စစ်ရေးပစ်မှတ်တစ်ခုဖြစ်ခဲ့ပေမယ့် ရေဒီယို သတ္တုယိုစိမ့်မှု မဖြစ်ခဲ့ဖူးလို့ အီရန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
အီရန်ဒရုန်း တိုက်ခိုက်မှုကြောင့် အစ္စရေးနိုင်ငံမြောက်ပိုင်းမှာ နေအိမ်တစ်လုံး ပျက်စီးခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။
ကိုးကား – NHK
Ref; Iranian FM demands Israeli attacks stop before negotiations with US start
#Ayeyarwaddy_Times