
ဧရာဝတီတိုင်းမ်
ဇွန် ၂၂ ရက်
ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာဟာ ရာထူးမှနှုတ်ထွက်မှာ မဟုတ်သလို လွှတ် တော်ကို ဖျက်သိမ်းမှာမဟုတ်ဖူးလို့ အာဏာရ ဖုထိုင်းပါတီမှ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက ဇွန်လ ၂၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံနဲ့ နယ်စပ်အငြင်းပွားမှု ကိုင်တွယ်ဖြေရှင်းမှုအလွဲတွေကြောင့် ရာထူးမှနှုတ် ထွက်ဖို့ တောင်းဆိုမှုတွေ များပြားလာပေမယ့် ပေထောင်တန်က နှုတ်ထွက်မှာမဟုတ်ဖူးလို့ ခရီးသွားလာ ရေးဝန်ကြီး Sorawong Thienthong က Facebook ပို့စ်မှာ ရေးသားခဲ့ပါတယ်။
“ထိုင်းနိုင်ငံ ရင်ဆိုင်နေရတဲ့ အကျပ်အတည်းတွေကိုဖြေရှင်းဖို့ တာဝန်ဆက်ယူသွားဖို့ ဝန်ကြီးချုပ် က ကျွန်တော်တို့ကို ရှင်းလင်းစွာ အတည်ပြုခဲ့ပြီးဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆမ်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားပြီးနောက် ထိုင်းဝန်ကြီး ချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာရဲ့ သမီးဖြစ်သူ ပေထောင်တန်ဟာ ပြည်သူတွေရဲ့ အမျက်ဒေါသ ရင်ဆိုင်နေရပါတယ်။
ဟွန်ဆမ်နဲ့ စကားပြောဆိုမှု ပေါက်ကြားခြင်းကြောင့် ညွန့်ပေါင်းအစိုးရအဖွဲ့မှာ ဒုတိယအင်အား အကြီးမားဆုံး Bhumjaithai ပါတီက အစိုးရအဖွဲ့မှ နှုတ်ထွက်ခဲ့ပါတယ်။
ညွန့်ပေါင်းအစိုးရအဖွဲ့မှာပါတဲ့ United Thai Nation ပါတီကလည်း ပေထောင်တန်ကို ရာထူးမှ နှုတ်ထွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ပေထောင်တန်က ဟွန်ဆမ်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားခြင်းကြောင့် တောင်းပန်ခဲ့ပေမယ့် အဆို ပါကိစ္စရပ်အပေါ် မှတ်ချက်ပြုခြင်းမရှိသေးပါ။
ဇွန်လ ၂၈ ရက်မှာ ပေထောင်တန်ကို ရာထူးမှနှုတ်ထွက်ပေးရေး ဆန္ဒပြပွဲတစ်ခု ဗန်ကောက်မြို့ မှာ ပြုလုပ်ဖို့ တက်ကြွလှုပ်ရှားသူတွေက စီစဉ်ထားပါတယ်။
ကိုးကား – Reuters
Ref; Thai PM will not resign or dissolve Parliament, ruling party official says
#Ayeyarwaddy_Times