
ဧရာဝတီတိုင်းမ်
ဇွန် ၂၁ ရက်
တရုတ်စစ်တပ်က ဗြိတိန်စစ်သင်္ဘော HMS Spey ရဲ့ ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်း နှင်မှုကို ဝေဖန်ခဲ့ပြီး ယင်းလုပ်ရပ်ဟာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတဲ့ တမင်ရန်စမှုတစ်ခုလို့ ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှ မောင်းနှင်မှုဟာ ဗြိတိန်စစ်သင်္ဘောတစ်စင်း လေးနှစ်အတွင်း ပထမဆုံး အကြိမ်လို့ ဗြိတိန်တော်ဝင်ရေတပ်ဖွဲ့က ပြောပါတယ်။
ဗြိတိန်စစ်သင်္ဘော HMS Spey ရဲ့ ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်မှုဟာ ငြိမ်းချမ်း ရေးနဲ့ တည်ငြိမ်မှုကို ထိခိုက်စေတဲ့ တမင်ရန်စမှုတစ်ခုလို့ တရုတ်ရေတပ် ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။
ဗြိတိန်စစ်သင်္ဘော ထိုင်ဝမ်ရေလက်ကြားမှ မောင်းနှင်တဲ့ လမ်းကြောင်းတစ်လျှောက် စောင့် ကြည့်ခဲ့ပြီး တရုတ်စစ်တပ်က ခြိမ်းခြောက်မှုနဲ့ ရန်စမှုအားလုံးကို သေချာပေါက် လက်တုံ့ပြန်မယ်လို့ ၎င်း က ဆက်ပြောပါတယ်။
တရုတ်နိုင်ငံက အခြားတိုင်းပြည်တွေရဲ့ ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ခရီးသွားလာခွင့်ကို လေးစားသမှုရှိပေမယ့် တရုတ်နိုင်ငံရဲ့ အချုပ်အခြာလုံခြုံရေးကို ရန်စတဲ့ လွတ်လပ်သော ရေကြောင်း မောင်းနှင်ခွင့်ခေါင်းစဉ် အသုံးပြုတဲ့ မည်သည့်တိုင်းပြည်ကိုမဆို ခိုင်မာစွာ ကန့်ကွက်တယ်လို့ နိုင်ငံခြား ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဉီးက ပြောပါတယ်။
ထိုင်ဝမ်ရေလက်ကြားမှာ လွတ်လပ်သော ရေကြောင်းသွားလာခွင့်ကို ကာကွယ်ပေးတဲ့အပြုအမူ အဖြစ် ဗြိတိန်စစ်သင်္ဘောရဲ့ ကင်းလှည့်မှုကို ထိုင်ဝမ်က ချီးကျူးလိုက်ပါတယ်။
HMS Spey ဟာ အာရှ-ပစိဖိတ်ဒေသမှာ အမြဲတမ်း ကင်းလှည့်နေတဲ့ ဗြိတိန်စစ်သင်္ဘောနှစ်စင်း အနက် တစ်စင်းဖြစ်ပါတယ်။
တရုတ်ဆန့်ကျင်ရေး ရပ်တည်ချက်ရှိတဲ့ လိုင်ချင်တေး သမ္မတဖြစ်လာပြီးနောက်ပိုင်း ပြီးခဲ့တဲ့နှစ် အတွင်း တရုတ်နဲ့ထိုင်ဝမ်ကြား တင်းမာမှုတွေ အရှိန်မြှင့်လာခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက တရုတ်ကို ‘ပြည်ပရန်လိုသောတပ်ဖွဲ့’ လို့ ခေါ်ဆိုခဲ့ပြီး ထိုင်ဝမ်မှာ တရုတ်ရဲ့ သြဇာအရှိန်အဝါကို တန်ပြန်ဖို့ရည်ရွယ်တဲ့ မူဝါဒတွေ အကောင်အထည်ဖော်ခဲ့ပါတယ်။
ကိုးကား – LBC
Ref; China says UK warship passage threatens ‘peace and stability’ in Taiwan Strait
#Ayeyarwaddy_Times