
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်အပေါ် စစ်ရေးအရ အရေးယူ မယူ နှစ်ပတ်အတွင်း ဆုံးဖြတ်မှာဖြစ်ပေမယ့် စေ့စပ်ညှိနှိုင်းဖို့ တံခါးဖွင့်ထားဆဲလို့ အိမ်ဖြူတော်က ပြောပါတယ်။
အစ္စရေးနဲ့အီရန်ကြား လက်ရှိပဋိပက္ခမှာ စစ်ရေးအရ အရေးယူဖို့ ဖြစ်နိုင်ချေရှိတယ်လို့ ဒေါ်နယ် ထရမ့်က အရိပ်အမြွက်ထုတ်ပြောခဲ့ပြီး “ ကျွန်တော် လုပ်ကောင်းလုပ်မယ်။ ကျွန်တော် လုပ်ချင်မှလည်း လုပ်မယ်” လို့ ဆိုပါတယ်။
ကြာသပတေးနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရို လိုင်းလီဗက်က အဆိုပါပြဿနာနဲ့ပတ်သက်တဲ့ ထင်မြင်ယူဆချက်ကို ဝန်ခံခဲ့ပါတယ်။
“မဝေးတော့တဲ့အနာဂတ်မှာ အီရန်နဲ့ ဖြစ်လာနိုင်တဲ့ စေ့စပ်ညှိနှိုင်းမှု အခွင့်အရေးတွေ ရှိပါတယ်။ အီရန်အပေါ် စစ်ရေးအရ အရေးယူဖို့ ကျွန်တော် နှစ်ပတ်အတွင်း ဆုံးဖြတ်ပါမယ်” လို့ ဒေါ်နယ်ထရမ့်ရဲ့ သတင်းစကားကို ၎င်းက ဖတ်ပြခဲ့ပါတယ်။
အမေရိကန်အစိုးရနဲ့ အီရန်အစိုးရကြား အဆက်အသွယ်ရှိတယ်လို့ သတင်းထောက်တစ်ဉီးရဲ့ မေးမြန်းချက်ကို သူက အတည်ပြုခဲ့ပါတယ်။
“သံတမန်ရေးရာအရ အခွင့်အရေးတစ်ခုရှိရင် သမ္မတ ဒေါ်နယ်ထရမ့်က အဲဒီအခွင့်အရေးကို အမြဲ ဆုပ်ကိုင်ပါမယ်။ ဒါပေမယ့် အင်အားသုံးဖို့လည်း သူက မကြောက်ပါဘူး” လို့ ကာရိုလိုင်းလီဗက်က ဆိုပါ တယ်။
အမေရိကန်နဲ့အီရန်ကြား မည်ကဲ့သို့ ဆက်သွယ်နေတယ်ဆိုတဲ့ အသေးစိတ်ကိုရှင်းပြဖို့ ၎င်းက ငြင်းဆန်ခဲ့ပါတယ်။
အီရန်အရေး အနာဂတ်တုံ့ပြန်မှုတွေနဲ့ပတ်သက်တဲ့ အမျိုးသား လုံခြုံရေးကောင်စီ အစည်းအဝေး တွေကို နေ့စဉ်ကျင်းပဖို့ ဒေါ်နယ်ထရမ့်က စီစဉ်နေတယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။
ကိုးကား – NHK
Ref; Trump to decide whether to take military action on Iran within 2 weeks
#Ayeyarwaddy_Times