
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
အာဏာရ ညွန့်ပေါင်းအစိုးရအဖွဲ့မှ ဒုတိယအင်အားအကြီးမားဆုံးပါတီ နှုတ်ထွက်ပြီးနောက် ထိုင်းနိုင်ငံဟာ နိုင်ငံရေး ဆူပူမှုတစ်ရပ် ကြုံတွေ့နေရပြီး ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာ ဉီး ဆောင်တဲ့ အစိုးရအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။
ပေထောင်တန်နဲ့ ကမ္ဘောဒီးယား လွှတ်တော်ဥက္ကဌ ဟွန်ဆမ်ကြား နယ်စပ်အရေးနဲ့ပတ်သက်တဲ့ ဖုန်းပြောဆို ပေါက်ကြားပြီးနောက် ထိုင်းနိုင်ငံမှာ ယခုအခြေအနေ ဖြစ်လာခဲ့တာပါ။
“ဒေသဆိုင်ရာ ဒုတိယတပ်မှူးလိုမျိုး အတိုက်အခံတွေ ပြောတာတွေကို အန်ကယ် နားမထောင် စေချင်ပါဘူး” လို့ ပေထောင်တန်က ဟွန်ဆမ်ကို ‘အန်ကယ်’ လို့ ရည်ညွှန်းပြီး ပြောဆိုခဲ့ပါတယ်။
ပေထောင်တန်က စေ့စပ်ညှိနှိုင်းမှု နည်းဗျူဟာတစ်ခုအဖြစ် သူ့ရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့ ဟွန်ဆမ်ကို တောင်းပန်ခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ သြဇာတိက္ကမရှိသော ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ သမီးဖြစ်သူ ပေ ထောင်တန်ဟာ ဩဂုတ်လကတည်းက ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တာပါ။
ပြီးခဲ့တဲ့လက ကမ္ဘောဒီးယားနိုင်ငံနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထိုင်းအစိုးရရဲ့ နယ်စပ်အငြင်း ပွားမှုတွေ ကိုင်တွယ်မှုအပြင် စီးပွားရေးမူဝါဒတွေနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။
Bhumjaithai ပါတီက ကြာသပတေးနေ့မှာ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ စစ်တပ်ရဲ့ဂုဏ်သိက္ခာ ထိခိုက်စေမှုကြောင့် ပေထောင်တန်ကို ရှုတ်ချခဲ့ပါတယ်။
Bhumjaithai ပါတီ နှုတ်ထွက်မှုကြောင့် ညွန့်ပေါင်းအစိုးရအဖွဲ့ဟာ အောက်လွှတ်တော်မှာ အ မတ်နေရာ အနည်းငယ်သာ အသာစီးရရှိတော့မှာဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Thai PM under mounting pressure over leaked call
#Ayeyarwaddy_Times