
ဧရာဝတီတိုင်းမ်
ဇွန် ၂၀ ရက်
အာဆီယံအဖွဲ့က မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမှု ဆက်လုပ်ဖို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီ ဘရာဟင်က တိုက်တွန်းခဲ့ပြီး ယင်းသို့သော ကြားဝင်စွက်ဖက်မှုက မြန်မာပြည်တွင်းစစ်ကို ပြီးဆုံးစေ မယ်ဆိုတဲ့ ကတိတွေ မပေးနိုင်ဘူးလို့ ဝန်ခံလိုက်ပါတယ်။
လက်ရှိ အာဆီယံအဖွဲ့ ဥက္ကဌအနေနဲ့ မလေးရှားနိုင်ငံက မြန်မာနိုင်ငံရဲ့အခြေအနေကို အပတ်စဉ် အနီးကပ် စောင့်ကြည့်နေတယ်လို့ ၎င်းက ပြောပါတယ်။
“ချက်ချင်း အပစ်အခတ်ရပ်စဲတာ၊ လူသားချင်းစာနာမှု အကူအညီ ပေးအပ်ခွင့်ရချင်တာ၊ ဖြုတ်ချ ခံ အရပ်သားအစိုးရနဲ့ စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးဖို့ ကျွန်တော်တို့ လိုလားပါတယ်။ ဒါပေမယ့် သူ တို့ အခုထိ ဒါတွေကို မလုပ်ဆောင်ရသေးပါဘူး” လို့ သူက ဆက်ပြောပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေအတွက် တွန်းအားပေးဖို့ တာဝန်ကို အာဆီယံအဖွဲ့က တာဝန်မယူ နိုင်ရန် ရှက်ဖွယ်ဖြစ်လာလိမ့်မယ်လို့ အန်ဝါက ပြောကြားခဲ့ပြီး စေ့စပ်ညှိနှိုင်းမှုတွေမှာ အခြားတိုင်းပြည် တွေ ပါဝင်မှုကို ကြိုဆိုလိုက်ပါတယ်။
မြန်မာပဋိပက္ခက မလေးရှား၊ ထိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော တိုင်းပြည်များအထိ ပျံ့နှံ့လာခဲ့ ပြီး ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်း ဖြစ်စေခဲ့တယ်လို့ သူက ထောက်ပြပါတယ်။
လူပေါင်း ၃၆၀၀ ကျော် သေဆုံးခဲ့တဲ့ မတ်လအတွင်း မြန်မာနိုင်ငံမှာ အင်အားပြင်း မြေငလျင်တစ် ခု လှုပ်ခတ်ပြီးနောက် ဧပြီလအတွင်း အန်ဝါက စစ်ကောင်စီနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကြား အပစ်အခတ်ရပ်စဲဖို့ အကျိုးဆောင်ပေးခဲ့ပါတယ်။
ကိုးကား – Bernama
Ref; ‘Shameful’ if Asean does not continue engaging Myanmar to end civil unrest, says PM Anwar
#Ayeyarwaddy_Times