ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုတွင် ဦးဆောင်ပါဝင်သူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများကိုပြန်လွှတ်ပေးရန် ယနေ့ ဇွန် ၁၉ ရက်နေ့တွင်ကျရောက်သော ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ နှစ်ပြည့်နေ့တွင် အနောက်နိုင်ငံများကတောင်းဆိုလိုက်သည်။

အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျ၊ ဗြိတိန်နိုင်ငံတို့အပါအဝင် ဥရောပသမဂ္ဂနိုင်ငံများက လူထုခေါင်း ဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ် ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်သားများ အားလုံးကိုလွှတ်ပေးရန်၊ အာဆီယံဘုံ သဘောတူညီချက် ၅ ချက်ကို အပြည့်အဝအကောင်အထည်ဖော်ရန် စစ်အာဏာရှင်အဖွဲ့ထံ တိုက်တွန်း ကြောင်း ဩစတြေလျသံရုံးက ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီတွင် ထိန်းသိမ်း ခံခဲ့ရပြီး အကျည်းကျခံနေရချိန်တွင် ငါးကြိမ်မြောက်မွေးနေ့ဖြစ်ကြောင်း၊ ဘဝနှင့်လုပ်ဆောင်ချက်များ က မြန်မာပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီလိုလားတောင့်တမှုများကို ထင်ဟပ် စေကြောင်း အမေရိကန်သံရုံးထုတ်ပြန်ချက်တွင် ပါဝင်သည်။

လူထုခေါင်းဆောင်နှင့်အတူ မတရားဖမ်းဆီး ထိန်းသိမ်းထားသူများကို လွှတ်ပေးရန်၊ အရပ်သား ပြည်သူများအပေါ် အကြမ်းဖက်မှုများရပ်တန့်ရန်၊ အကျပ်အတည်းကို အဆုံးသတ်ရန်နှင့် သက်ဆိုင်သူ များအား ထိတွေ့ဆက်ဆံရန် တောင်းဆိုကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

လက်ရှိတွင်လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားပုဒ်မတပ်ထားသောပြစ်မှု ၁၉ မှု အနက် ပြစ်မှု ၅ မှု လွတ်ငြိမ်သက်သာခွင့်ရထားပြီး ကျန် ၁၄ မှုအတွက် ထောင်ဒဏ် ၂၇ နှစ် ကျန်ရှိနေကြောင်းသိရသည်။

စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီးဦးဝင်းမြင့်အပါအဝင် ပါတီ အမတ်များ၊ အစိုးရ အဖွဲ့ဝင်များကို ဖမ်းဆီးအကျဉ်းချပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်။

ဓာတ်ပုံ – ဂါးဒီးယန်း

#ဒေါ်အောင်ဆန်းစုကြည် #ဖမ်းဆီးခံရသူများ #ပြန်လွှတ်ရန်တောင်းဆို #အနောက်နိုင်ငံများ #Ayeyarwaddy_Times