ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

ရာပေါင်းများစွာသော အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ ယနေ့ ထိုင်းအစိုးရအိမ်တော် အပြင်ဘက်မှာ စုဝေးကာ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆမ်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားမှုနဲ့ ပတ်သက်လို့ ဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာကို ရာထူးမှနှုတ်ထွက်ဖို့ တောင်းဆိုခဲ့ပါတယ်။

အပူချိန်မြင့်တဲ့အချိန်ပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ သက်ဉီးစံပိုင်ဘုရင်စနစ်ကို ထောက်ခံတဲ့ ရှပ်ဝါဝတ် ဆင်ထားသော သက်ကြီးဆန္ဒပြသမားတွေ အများဆုံးပါဝင်ခဲ့ပြီး အသက် ၃၈ နှစ်အရွယ် ပေထောင်တန် ဟာ သံတမန်စွမ်းရည် ကင်းမဲ့ပြီး အမျိုးသားအကျိုးစီးပွားကို အန္တရာယ်ဖြစ်စေတယ်လို့ ၎င်းတို့က စွပ်စွဲခဲ့ ပါတယ်။

“အသံဖိုင် ပေါက်ကြားတယ်လို့ ကြားရချိန်မှာ ကျွန်တော် အရမ်း စိတ်ပျက်သွားတယ်။ ပေထောင် တန်က စေ့စပ်ညှိနှိုင်းမှုစွမ်းရည် မရှိပါဘူး။ သူ့ကိုယ်သူ ဘာထင်နေလဲ မသိဘူး။ ဒီနိုင်ငံဟာ သူပိုင်တဲ့နိုင်ငံ မဟုတ်ပါဘူး” လို့ အသက် ၆၈ နှစ်အရွယ် Kanya Hanotee က ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ထိုင်းအလံတွေနဲ့ ပေထောင်တန်ကို သစ္စာဖောက်တစ်ဉီး ရေးသားထားတဲ့ စာ သားတွေ ဝှေ့ယမ်းကာ “ထွက်သွား”၊ “ငရဲသွား” လို့ သံပြိုင်ဟစ်ခဲ့ကြပြီး ဒါဇင်နဲ့ချီတဲ့ အကြမ်းဖက်နှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်တွေ အနီးမှာ အသင့်စောင့်ဆိုင်းနေပါတယ်။

ဆန္ဒပြသူအများစုဟာ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ရှင်နာဝပ်ထရာ နိုင်ငံရေးမျိုးဆက်ကို အပြင်းအ ထန် ဆန့်ကျင်ခဲ့ကြတဲ့ ရှပ်ဝါလှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ၁၉၃၂ ခုနှစ်နောက်ပိုင်း ဒါဇင်နဲ့ချီတဲ့ အာဏာသိမ်းမှုတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိ အ ကျပ်အတည်းကြောင့် အာဏာသိမ်းမှု ထပ်ဖြစ်လာနိုင်တဲ့ ကောလဟလတွေ ရှိနေပါတယ်။

ထိုင်းနိုင်ငံမှာ အာဏာသိမ်းမှုတေွ မကြာခဏ ဖြစ်ပွားခဲ့တဲ့ သမိုင်းကြောင်းရှိလင့်ကစား စစ်တပ် က လက်ရှိအကျပ်အတည်းမှာ ကြားဝင်စွက်ဖက်မယ့်အကြံဉာဏ်ကို ဆန္ဒပြသူအချို့က ကြိုဆိုခဲ့ပါတယ်။

“ကျွန်တော်က စစ်တပ်ကို တိုင်းပြည် ထိန်းချုပ်စေချင်ပါတယ်။ ကျွန်တော်တို့ ရေရှည်ကို စဉ်းစား နေပါတယ်။ စစ်တပ်က ထိန်းချုပ်ရင် တိုင်းပြည်အတွက် အပြုသဘောဆောင်လာပါလိမ့်မယ်” လို့ Kanya Hanotee က ဆိုပါတယ်။

ကိုးကား – AFP
Ref; Thailand’s ‘Yellow Shirts’ return to streets to demand PM’s resignation
#Ayeyarwaddy_Times