
ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
စစ်ကောင်စီက လေးမျက်နှာမြို့နယ်နှင့် အင်္ဂပူမြို့နယ်အစပ်ရှိ ကျေးရွာများကို လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီသည် ယမန်နေ့ ဇွန် ၁၈ ရက် ည ၁၁ နာရီ ၂၄ မိနစ်ခန့်က လေးမျက်နှာမြို့နယ် ပိန္နဲကွင်းကျေးရွာကို လေကြောင်းမှနေ၍ ဗုံးအလုံးပေါင်းများစွာ ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ည ၈ နာရီအချိန်လောက်ကစပြီး ပေါက်ကွဲသံတွေ ဆက်တိုက်ကြားရတယ်။ ည ၁၁ နာရီကျော်တော့ ဗုံး ၁၀ လုံးကျော် ဆက်တိုက်ပေါက်ကွဲသံတွေ ကြားရပါတယ်။ လေးမျက်နှာမြို့နယ်ထဲကို ကြဲနေတယ်လို့ သိရပါတယ်” ဟု ဟင်္သာတမြို့ပေါ်နေ ပြည်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
လေးမျက်နှာနှင့် အင်္ဂပူအစပ်ကို ဗုံးကြဲတိုက်ခိုက်ရာ ဟင်္သာတမြို့ပေါ်မှ ပြည်သူများပါ ဗုံးသံများကို ကြားရပြီး စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။
စစ်ကောင်စီသည် လေးမျက်နှာမြို့နယ် လှော်ကထားကျေးရွာနှင့် အနီးတစ်ဝိုက်ကို စစ်နယ်မြေအဖြစ် သတ်မှတ်ထားပြီး ထိုသို့ သတ်မှတ်ထားသည့်အတွက် ကျေးရွာနေဒေသခံများကို ပြောင်းရွှေ့ခွင့် ပြုထားကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် ရေကြည်မြို့နယ်အတွင်း ရေနံ့သာစစ်ဆေးရေးဂိတ်မှ အမြောက်တပ် ၃၄၄ နှင့် ကုန်းပြင် တိုက်နယ် ကျေးရွာအုပ်စုများတွင် ဒေသခံများကိုသာ ဝင်ခွင့်ပြုပြီး အခြားသူများကို တားဆီးစစ်ဆေးကာ ဝင်ခွင့်မပြုတော့ကြောင်း သိရသည်။
လက်ရှိတွင် ဧရာဝတီတိုင်းအတွင်းရှိ လေးမျက်နှာ၊ အင်္ဂပူ၊ ရေကြည်စသည့် မြို့နယ်များတွင် စစ်ကောင်စီနှင့် တော်လှန်ရေးပူးပေါင်းတပ် တိုက်ပွဲဖြစ်ပွားနေပြီး လေးမျက်နှာမြို့နယ် သဲနုကုန်း ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။
#ဧရာဝတီတိုင်း #လေးမျက်နှာ #အင်္ဂပူ #စစ်ကောင်စီဗုံးကြဲ #စစ်နယ်မြေသတ်မှတ် #Ayeyarwaddy_Times