
(အီရန်စစ်ဆင်ရေး နှစ်ပတ်အတွင်း ပြီးစီးနိုင်ဟု အစ္စရေး ဆို)
ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးဟာ သီတင်းပတ်တစ်ပတ် သို့မဟုတ် နှစ်ပတ်အတွင်း ပြီးစီးမယ်လို့ အစ္စရေးစစ်တပ်မှ တာဝန်ရှိသူတစ်ဉီးက ပြောပါတယ်။
အစ္စရေးနဲ့အီရန်ကြား အပြန်အလှန်ပစ်ခတ်နေမှုအပေါ် အမေရိကန်နိုင်ငံက ဘယ်လိုတုံ့ပြန်မလဲ ဆိုတာ စိတ်ဝင်စားနေကြပြီး သမ္မတ ဒေါ်နယ်ထရမ့်က အီရန်ကို အညံ့ခံဖို့ တိုက်တွန်းနေပါတယ်။
တီဟီရန်မြို့တော် အနောက်တောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ အစ္စရေး စစ်တပ်က ဗုဒ္ဓဟူးနေ့အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ ဒုံးကျည်တွေကို အီရန်နိုင်ငံမှ ပစ်လွှတ်ခဲ့တာလို့ အစ္စရေးစစ်တပ်က ဆိုပါတယ်။
အီရန် နျူကလီးယားနဲ့ စစ်ရေးအဆောက်အအုံတွေကို တိုက်ခိုက်မှုဟာ တစ်ပတ် သို့မဟုတ် နှစ် ပတ်အတွင်း ပြီးစီးမယ်လို့ အစ္စရေးစစ်တပ် သတင်းရင်းမြစ်တစ်ခုက အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။
Fordow မြို့ရှိ အီရန် နျူကလီးယားစက်ရုံကို မတိုက်ခိုက်ဘဲ စစ်ဆင်ရေး ပြီးဆုံးမှာမဟုတ်ဖူးလို့ အစ္စရေး အမျိုးသားလုံခြုံရေးအကြံပေး Tzachi Hanegbi က ဒေသန္တရမီဒီယာနဲ့ အင်တာဗျူးမှာ ပြောပါ တယ်။
အီရန်နိုင်ငံရှိ အဆိုပါ နျူကလီးယားသန့်စင်စက်ရုံဟာ မြေအောက် ၈၀ မီတာခန့်မှာ တည် ဆောက်ထားတာလို့ သိရပါတယ်။
ယခုမှ စစ်ပွဲစတင်တာလို့ အီရန်နိုင်ငံ့ဉသျှောင် အယာတိုလာခါမေနီက ဇွန်လ ၁၈ ရက်မှာ လူမှု ကွန်ရက်၌ ပို့စ်တစ်ခု တင်ခဲ့ပြီး အစ္စရေးကို တွန်းလှန်မယ့်ရပ်တည်ချက်ကို ထပ်လောင်းအတည်ပြုခဲ့ပါ တယ်။
အစ္စရေးက Fordow မြို့ရှိ နျူကလီးယား သန့်စင်စက်ရုံကို ဖျက်ဆီးနိုင်ရေး ကူညီခြင်းအားဖြင့် စစ်ပွဲမှာ ပါ မပါ ဒေါ်နယ်ထရမ့်က အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမယ်လို့ နယူးယောက်တိုင်းမ် သတင်းတစ်ပုဒ်က ဖော်ပြခဲ့ပါတယ်။
အမေရိကန်စစ်တပ်ရဲ့ အင်အားအပြင်းဆုံး ဘန်ကာခွင်းဗုံးတွေတပ်ထားတဲ့ B-2 ဗုံးကြဲလေယာဉ် တွေက အီရန် နျူကလီးယားသန့်စင်စက်ရုံကို ဖျက်ဆီးနိုင်မယ်လို့ အဆိုပါသတင်းက ဆိုပါတယ်။
အီရန်နိုင်ငံက ခြွင်းချက်မရှိ အညံ့ခံဖို့ ဒေါ်နယ်ထရမ့်က ဇွန်လ ၁၇ ရက်မှာ လူမှုကွန်ရက်ပို့စ်တစ် ခု၌ တောင်းဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Israeli military official: Iran operation may end within 1 to 2 weeks
#Ayeyarwaddy_Times