
ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်
ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းပြတ်ရွှေ့ ငလျင်ကြီး လှုပ်ခတ်မှုကြောင့် တက္ကသိုလ် ဝင်တန်းစာဖြေလွှာများ ပျက်စီးသွားသဖြင့် ပြန်လည်ဖြေဆိုလျက်ရှိရာ ပျက်ကွက်သူစာရင်းတွင် မန္တလေးတိုင်းမှ ထက်ဝက်ကျော် ပျက်ကွက်ကြောင်း သိရသည်။
ငလျင်ဒဏ်ခံစားခဲ့ရသည့်ဒေသများတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ပြန်လည်ကျင်းပရာ ဇွန် ၁၆ မှ ၁၈ ရက်နေ့အထိ သုံးရက်အတွင်း ကချင်၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်မှ ပျက်ကွက်သူ ၈၈၁ ဦးရှိပြီး မန္တလေးတိုင်းမှ ၄၇၈ ဦး ထက်ဝက်ကျော်ပျက်ကွက်ကြောင်း စစ်ကောင်စီထံမှ သိရသည်။
တက္ကသိုလ်ဝင်တန်းစတင်ဖြေဆိုရသည့် မြန်မာစာနေ့တွင်ပြန်လည်ဖြေဆိုသူ ၆၂,၈၂၄ ဦးရှိကာ သင်္ချာနေ့တွင် ဖြေဆိုသူ ၆၂,၇၉၂ ဦးရှိ၍ ပျက်ကွက်သူ ၈၈၁ ဦးရှိပြီး တစ်ရက်ဖြေဆိုပြီးတိုင်း ပျက်ကွက်သူများ လာကြောင်းသိရသည်။
ငလျင်ဒဏ်ကြောင့် ပြန်လည်ဖြေဆိုရသည့် စာမေးပွဲမေးခွန်းလွှာသည် သင်္ချာဘာသာရပ်နေ့တွင် ခက်ခဲကြောင်း ဆရာ/ဆရာမများက ဝေဖန်ပြောကြားထားသည်။
မန္တလေးတိုင်းတွင် မန္တလေးတက္ကသိုလ်မီးလောင်ရာတွင် တက္ကသိုလ်ဝင်တန်းစာဖြေလွှာများ မီးလောင် ပျက်စီးသွားသဖြင့် ပြည်လည်ဖြေဆိုရခြင်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းပြန်လည်ဖြေဆိုမှုကို ဇွန်လ ၁၆ မှ ၂၁ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – MOI
#ငလျင်လှုပ်ခတ်မှု #တက္ကသိုလ်ဝင်တန်း #စာဖြေလွှာမီးလောင် #ပြန်လည်ဖြေဆို #မန္တလေးတိုင်းပျက်ကွက်သူများ #Ayeyarwaddy_Times