ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ နယ်စပ်တင်းမာမှုတွေ မြင့်တက်နေစဉ် ထောင်နဲ့ချီတဲ့ ကမ္ဘောဒီးယား ပြည်သူတွေဟာ ဖနောင်ပင်မြို့တော်မှာပြုလုပ်တဲ့ ချီတက်ပွဲတစ်ခုမှာ ပူးပေါင်းခဲ့တယ်လို့ Khmer Times က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့လအတွင်း ကမ္ဘောဒီးယားစစ်သားတစ်ဉီး သေဆုံးမှုကြောင့် ဖြစ်ပွားခဲ့တဲ့ ထိုင်းနိုင်ငံနဲ့ နယ်စပ်အငြင်းပွားမှုမှာ ကမ္ဘောဒီးယားအစိုးရနဲ့ စစ်တပ်ကို ထောက်ခံကြောင်းဖော်ပြဖို့ ချီတက်ပွဲကို စီစဉ် ခဲ့တာပါ။

ဒုတိယဝန်ကြီးချုပ် ဟွန်မာနီ ဉီးဆောင်ပြီး လူပေါင်း ၁၅၀၀၀၀ ဝန်းကျင် ချီတက်ပွဲကို ပူးပေါင်းခဲ့ တာလို့ Khmer Times က ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ဂုဏ်သိက္ခာနဲ့ ပိုင်နက်နယ်မြေတည်တံ့မှုအပေါ် စော်ကားမှုရှိလာလျင် ကမ္ဘောဒီးယားပြည်သူတွေက နှုတ်ဆိတ်နေမှာမဟုတ်ဖူးလို့ ချီတက်ပွဲမိန့်ခွန်းမှာ ဟွန်မာနီက ပြောပါ တယ်။

“ပိုင်နက်နယ်မြေတည်တံ့မှု၊ အမျိုးသား အကျိုးစီးပွားနဲ့ တိုင်းပြည်ငြိမ်းချမ်းရေးကို ကာကွယ် စောင့်ရှောက်တဲ့ ကမ္ဘောဒီးယားအစိုးရနဲ့စစ်တပ်ကို ထောက်ခံဖို့ ကျွန်တော်တို့ အတူရပ်တည်မယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ပြဿနာတွေအားလုံးကို ငြိမ်းချမ်းစွာနဲ့ ဥပဒေကိုအခြေခံပြီး ဖြေရှင်းဖို့ ရွေးချယ်တယ်လို့ သူက ဆိုပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယားတပ်ဖွဲ့တွေဟာ မေလ ၂၈ ရက်က နယ်စပ်တစ်လျှောက် အပြန်အလှန် ပစ် ခတ်ခဲ့ရာ အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ Preah Vihear ပြည်နယ်နဲ့ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း Ubon Ratchathani ပြည်နယ်ကြား အငြင်းပွား နယ်စပ်ဧရိယာတစ်ခုမှာ ၁၀ မိနစ်ကြာ ပစ်ခတ်မှုအတွင်း ကမ္ဘောဒီးယားစစ် သားတစ်ဉီး ကျဆုံးခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးက ဖြစ်စဉ်နဲ့ပတ်သက်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံက နယ်စပ်အငြင်းပွားမှုကို အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ထံ တင်ပြခဲ့ပါတယ်။

ကိုးကား – Reuters
Ref; Thousands of Cambodians hold ‘solidarity march’ amid border tensions with Thailand

#Ayeyarwaddy_Times