ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းတပ်မဟာ( ၃) နယ်မြေ နောင်ချို မြို့နယ်ရှိ ကျေးရွာအချို့တွင် စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တို့ တိုက်ပွဲဆက်လက် ဖြစ်ပွားနေကြောင်း သိရသည်။

ဉာဏ်တောနှင့် ရွှေသွန်းကျေးရွာတို့တွင် ယမန်နေ့ ဇွန် ၁၈ ရက် နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီး ၃၈ လုံး၊ ဒရုန်းဗုံး ၁၀ လုံးတို့ကို ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ရွှေညောင်ပင်နှင့် ရေမောင်းတန်းကျေးရွာများဘက် သို့လည်း အရပ်သားများရှိရာကိုဦးတည်၍ လက်နက်ကြီး ရှစ် လုံးနှင့် ဒရုန်းဗုံး ၂၃ လုံးတို့ကို ကြဲချ တိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

စစ်ကောင်စီသည့် ပြီးခဲ့သည့် ဇွန် ၁၆ ရက် နံနက် ၁၁ နာရီ ၄၁ မိနစ်ကလည်း ဆမ်မဆယ် ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အမျိုးသား နှစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့အတူ အုမ္မတီးရွာဘက်ခြမ်းတွင်လည်း ယမန်နေ့ နံနက်မှစ၍ နေ့လယ် ၂ နာရီခန့်အထိ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားခဲ့ရာ နှစ်ဖက်တပ်များက လက်နက်ကြီး လက်နက်ငယ် ၊ ဒရုန်းများဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး အဆိုပါ လက်နက်သံများကို နောင်ပိန်ရွာအထိ ကြားနေရကြောင်း သိရသည်။

ဓာတ်ပုံ-TNLA

#ရှမ်းမြောက် #နောင်ချို #နှစ်ဖက်တိုက်ပွဲပြင်းထန် #လက်နက်ကြီး #အကြိမ်၃၀ကျော် #Ayeyarwaddy_Times