ဧရာဝတီတိုင်းမ်
ဇွန် ၁၉ ရက်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းဆည်းရရှိခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ယနေ့ ဇွန် ၁၉ ရက် နံနက် ၆ နာရီ ၄၀ မိနစ်အချိန်တွင် ကန်ဒေါင့် စစ်ကောင်စီရဲစခန်းကို တော်လှန်ရေးပူး ပေါင်းတပ်များက သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်သည်။

“စခန်းသိမ်းလ်ုက်တယ် နောက်ဆက်တွဲသတင်းတွေကတော့ စခန်းသိမ်းနေတုန်းမို့ နောက်မှပဲ PLA က သတင်းထုတ်ပြန်ပါလိမ့်မယ်”ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့မှ ယနေ့ ဇွန် ၁၉ ရက်‌နေ့အထိ ကန်ဒေါင့်ရဲစခန်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ PLA တပ်များမှ ဦးဆောင်ပြီး စခန်းသိမ်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီက လေယာဉ်နှင့် ဒရုန်းတို့ဖြင့် ဗုံးအလုံးရေ ၆၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် ဇွန် ၁၀ ရက်နေ့ကလည်း ကန်ဒေါင့်ရဲစခန်း နှင့် ဇီးဖြူကုန်းပျူရွာ စခန်းသိမ်းတိုက်ပွဲသို့ လာရောက်ဗုံးကြဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စင်းကို PLA က ပစ်ချခဲ့ရာ တိုက်လေယာဉ်မှာ ပျက်ကျပျက်စီးခဲ့သည်။

ကန်ဒေါင့်ရဲစခန်းကို PLA က ဦးဆောင်ပြီး မဟာမိတ်တပ်ပေါင်းစုနှင့် အတူ တကွပူးပေါင်း၍ ရွပ်ရွပ်ချွံချွံ ရဲရဲရင့်ရင့် မဆုတ်မနစ်သော ဇွဲလုံ့လဝိရီယများ ပေးဆပ်စွန့်လွှတ်မှုများဖြင့် အောင်မြင်စွာတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါ သည်ဟု PLA က ပြောသည်။

ဓာတ်ပုံ-PLA
#စစ်ကိုင်း #ပုလဲ #ကန်ဒေါင့်ရဲစခန်း #တော်လှန်ရေးပူးပေါင်းတပ် #သိမ်းပိုက် #PLA #Ayeyarwaddy_Times