
ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်၊သမိန်ထောကျေးရွာတွင် ဇွန် ၁၆ ရက်နေ့က ဆယ်တန်းကျောင်းသူတစ်ဦးကို စပါးတင်ကားတိုက်မိ၍ သေဆုံးသွားကြောင်း သိရသည်။
စက်ဘီးဖြင့်ကျောင်းကိုသွားစဥ် သမိန်ထောကျေးရွာ ရွာလည်တံတားအဆင်းတွင် စပါးများတင်ဆောင်လာသောကားမှ အရှိန်မထိန်းနိုင်ပဲ ၀င်တိုက်ရာမှ ပွဲခြင်းပြီးသေဆုံးခဲ့ကြောင်းသိရှိရသည်။
“ကားသမားတွေကျောင်းတက်ချိန်နဲ့ကျောင်းဆင်းချိန်တွေမှာပိုပြီးဂရုစိုက်မောင်းသင့်တယ်။ ကုန်တွေအများကြီးတင်လာရင် အရှိန်လျော့ပြီးမောင်းသင့်တယ်”ဟု ဒေသခံတစ်ဦးမှဧရာ၀တီတိုင်မ်းကိုပြောသည်။
သေဆုံးသွားသူမှာ သမိန်ထောကျေးရွာတွင် နေထိုင်သည့် အသက် ၁၅ နှစ်အရွယ် မဇွန်ဖူးပိုင်ဟုသိရပြီး အထက(သမိန်ထော)တွင်ဆယ်တန်းတက်ရောက်နေသူဖြစ်ကြောင်း သိရသည်။
စပါးတင်ကားမောင်းသူကို ကျုံကဒွန်းရဲစခန်းတွင် ဖမ်းဆီးထားပြီး တရားစွဲဆိုရန်ပြင်ဆင်နေကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှသိရှိရသည်။
#ဖျာပုံ #ဆယ်တန်းကျောင်းသူ #စပါးတင်ကားတိုက်ခံရ၍သေဆုံး #Ayeyarwaddy_Times