
ဧရာဝတီတိုင်းမ်
ဇွန် ၁၈ ရက်
ယခုကာလအတွင်းကိုဗစ်-၁၉ ရောဂါကူးစက်မှုတိုးလာသဖြင့် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးကို ဒေသန္တရမြို့နယ်ဆေးခန်းများတွင်အများပြည်သူများထိုးနိုင်ပြီး အသက် ၁၈ နှစ်အထက် ကျန်းမာရေး ကောင်းသူများ ထပ်ဆောင်းကာကွယ်ဆေးထိုးရန်မလိုအပ်ကြောင်းသိရသည်။
ကိုဗစ် ၁၉ ရောဂါကာကွယ် ဆေးကို ကျန်းမာရေးကောင်းသူ အသက် ၅ နှစ်မှ ၁၁ နှစ် ကလေးများ၊ အသက် ၁၂ နှစ်မှ ၁၈ အရွယ် ဆယ်ကျော်သက်များအပါအဝင် အသက် ၁၈ နှစ်ပြည့်ပြီး ကျန်းမာသူများ ကာကွယ်ဆေးထပ်ဆောင်းထိုးရန်မလိုအပ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်သည်။
လက်ရှိတွင် ကိုဗစ် ၁၉ ရောဂါကာကွယ်ဆေး ( Omicron JN.1) ( သို့မဟုတ်) ( Omicron XBB.1.5) ကိုအသုံးပြုထိုးပေးမည်ဖြစ်ပြီး တိုင်းနှင့်ပြည်နယ်ရှိ သက်ဆိုင်ရာဒေသန္တရဆေးခန်းများတွင် ကိုဗစ် – ၁၉ ရောဂါကာကွယ်ဆေးထိုးနိုင်ကြောင်း စစ်ကောင်စီ၏ ကျန်းမာရးဝန်ကြီးဌာနထံမှ သိရသည်။
ထို့ပြင်နေပြည်တော်နှင့် ရန်ကုန်တိုင်းအတွင်းရှိ ကာကွယ်ဆေးထိုးချင်သည့် စစ်ကောင်စီဝန်ထမ်းများ ကာကွယ် ဆေးထိုးနိုင်ကြောင်း စစ်ကောင်စီ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ထမ်းတစ်ဦးထံမှ သိရသည်။
“ ဒေသန္တရမှာ ကာကွယ်ဆေးထိုးလို့ရတယ်။ ဘယ်သူထိုးထိုးရတယ်။ အရင်ဆေးနဲ့မတူဘူး။ ဒီတစ် ခေါက်က ဆေးကနာတယ်။ လက်မောင်းကိုလှုပ်မရဘူး။ တန်သွားတာပဲ အတော်နာတယ်၊ ခံရတယ်။ ဒီတစ်ခေါက်ဆေးပြင်းတယ် ” ဟု အင်းစိန်မြို့နယ်နေထိုင်သူ အမျိုးသမီးတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ကိုဗစ် ၁၉ ရောဂါကာကွယ်ဆးကို အသက် ၁၂ အထက်ရှိသူ၊ ကာကွယ်ဆေးတစ်ကြိမ်မှမထိုးရသးသာ အသက် ၁၈ နှစ်အထက်ရှိသူများ တစ်ကြိမ်ထိုးပေးမည်ဖြစ်ကြာင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရ သည်။
ထို့ပြင်အသက် ၅၀ နှစ်အထက် နာတာရှည် ရောဂါရှိသူ၊ အသက် ၆၀ နှစ်အထက်ရှိသူများ၊ ကိုယ်ဝန်ဆာင် ၃ လနှင့်အထက်ရှိသူများ၊ အသက် ၁၈ နှစ်အထက် နာတာရှည်ရာဂါရှိသူများနှင့် အသက် ၁၂ နှစ်အထက် ကိုယ်ခံအား နည်းသူများကာကွယ်ဆးထိုးရန်လိုအပ်ကြာင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့်သီတင်းပတ် ဇွန် ၈ မှ ၁၆ ရက်အတွင်းမွန်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ နေ ပြည်တော်နှင့် ရှမ်းပြည်နယ်တို့မှ ဓာတ်ခွဲအတည်ပြုလူနာ ၅၂ ဦးတွေ့ရှိ၍ ယခုနှစ်အတွင်း လူနာ ၁၀၀ ကျော်တွေ့ရှိကြောင်း စစ်ကောင်စီထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – MOI
#ကိုဗစ်၁၉ရောဂါကာကွယ်ဆေး #ကားဆေးထိုးရန် #အသက်ကြီးသူများ #ကိုယ်ခံအားနည်းသူများ #Ayeyarwaddy_Times