ဧရာ၀တီတိုင်းမ်
ဇွန် ၁၈ ရက်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့် မွေးနေ့မတိုင်မီ တစ်ရက်အလိုတွင် မွေးနေ့ဆုတောင်းအတွက် မူလရည်မှန်းထားသည့် ဗွီဒီယို ၈၀,၀၀၀ ကျော်ရရှိပြီဖြစ်ကြောင်း ၎င်း၏သားဖြစ်သူ ကင်မ်အဲရစ် (ခ) ကိုထိန်လင်း နှင့် ကမ်ပိန်းဖြစ်မြောက်ရေး ကော်မတီက ယနေ့ ဇွန်လ ၁၈ ရက်တွင် ကြေညာသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်းများ စုဆောင်းရေး ကမ်ပိန်းက ပါဝင်ဆုတောင်းပေး သူများအားလုံးနှင့် ဆုတောင်းများကို ရရှိအောင် ကူညီပေးခဲ့သူများအားလုံးကို အထူးကျေးဇူး တင်ရှိကြောင်း ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ဆုတောင်းများကို မူလသတ်မှတ်ထားသည့် ဇွန်လ ၁၉ ရက်နေ့ မွေးနေ့အထိ ဆက်လက် ပေးပို့နိုင်ကြောင်းလည်း Suu 80 Birthday Campaign ကော်မတီက ထပ်မံ အသိပေးထားသည်။

ဇွန် ၁၉ ရက် တွင် ကျရောက်မည့် လူထခေါင်းဆောင်​ဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့အတွက် ဂင်းနစ်စံချိန်တင်ရေး မွေးနေ့ဆုတောင်းရုပ်သံမှတ်တမ်း ၈၀၀၀၀ စုဆောင်းခြင်းသည် မွေးနေ့မတိုင်ခင် ၁ ရက်အလိုတွင် ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

#လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် #မွေးနေ့ဆုတောင်း #၈၀၀၀၀ကျော် #ဆက်လက်ပေးပို့နိုင် #Ayeyarwaddy_Times