ဧရာဝတီတိုင်းမ်
ရန်ကုန် ဇွန် ၁၇ ရက်

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ ခြင်ဆီကင်ဆာရောဂါသည် အပါအဝင် လေးဦးကို ရိုးတွင်း ခြင်ဆီအစားထိုးကုသရာတွင်အောင်မြင်ခဲ့ပြီး အေးခဲခြင်ဆီပြုလုပ်၍အစားထိုးကုသမှုမှာ ပထမဦး ဆုံးဖြစ် ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးထံမှ သိရသည်။

ခြင်ဆီကင်ဆာလူနာသုံးဦးအပါအဝင် သွေးပြန်ရည် ကျိတ်ကင်ဆာလူနာတစ်ဦးကို ပြီးခဲ့ သည့် မေလအတွင်းက ခြင်ဆီအစားထိုးကုသမှု အောင်မြင်စွာ ဆောင်ရွက်နိုင်ကြောင်း သိရသည်။

အဆိုပါလူနာလေးဦးတွင် ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှ အသက် ၄၆ အရွယ် အမျိုးသမီး တစ်ဦး ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှ အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် သင်္ဃန်းကျွန်းမြို့နယ်မှ ၁၉ နှစ်အရွယ် အမျိုးသမီးတစ်ဦးအပါအဝင် မန္တလေးမြို့မှ ၆၅ နှစ်အရွယ်အမျိုးသားတစ်ဦးတို့ပါဝင် ကြောင်းသိရသည်။

လက်ရှိတွင် အေးခဲခြင်ဆီ ပြုလုပ်၍ အစားထိုးခွဲစိတ်မှုအဖြစ် ပထမဦးဆုံးခွဲစိတ်ကုသမှုခံယူနေသည့် သွေးပြန်ရည်ကျိတ်ကင်ဆာ (lymphoma) ရောဂါခံစားနေရသူသည် ဆေးရုံတွင် ဆေးကုသမှုခံယူနေပြီး ကျန်းမာရေး ကောင်းမွန် ကြောင်းသိရသည်။

ထို့ပြင် ကျန်ရှိ လူနာသုံးဦးမှာမူ ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံဆင်းခွင့်ရရှိပြီ ဖြစ်ပြီး ကျန်းမာရေးကုန်ကျစရိတ်သက်သာစေရေးအတွက် ခြင်ဆီအစားထိုးကုသခြင်းများကို ပြည်တွင်းတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်ဆေးရုံကြီးမှ သိရသည်။

ခြင်ဆီအစားထိုးကုသမှုကို အရပ်သားအစိုးရ NLD လက်ထက် ၂၀၁၆ ခုနှစ်တွင် စတင် ဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး ယခုခွဲစိတ်မှုအပါအဝင် ၁၉ ဦးကို အစားထိုးကုသနိုင်ခဲ့ကြောင်း စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီး ဌာနထံမှ သိရသည်။

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
#ကင်ဆာရောဂါ #ရိုးတွင်းဆင်ခြင်ဆီအစားထိုးကုသမှု #အောင်မြင်