
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
ထိုင်းနိုင်ငံနဲ့ နှစ်ချီကြာမြင့်ပြီဖြစ်တဲ့ ပိုင်နက်နယ်မြေ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အပြည်ပြည် ဆိုင်ရာ တရားရုံး (ICJ) သို့ စာတစ်စောင် ပေးပို့ခဲ့တယ်လို့ ကမ္ဘောဒီးယားနိုင်ငံက ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း အငြင်းပွား နယ်စပ်ဒေသတစ်ခုမှာ နှစ်နိုင်ငံတပ်ဖွဲ့တွေ အပြန်အလှန် ပစ်ခတ် ခဲ့ရာ ကမ္ဘောဒီးယားစစ်သားတစ်ဉီး သေဆုံးခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံက အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ယန္တယားမှတစ်ဆင့် အငြင်းပွားမှု တွေကို ဖြေရှင်းဖို့ ရွေးချယ်ခဲ့တယ်လို့ ဝန်ကြီးချုပ် ဟွန်မာနက်က တနင်္ဂနွေနေ့မှာ လူမှုကွန်ရက်၌ ပြော ကြားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံရဲ့လုပ်ရပ်ကို အလွန် စိတ်ပျက်မိတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောကြားခဲ့ပြီး နှစ်နိုင်ငံကြား စေ့စပ်ညှိနှိုင်းမှုတွေ ထပ်မံပြုလုပ်ဖို့ တောင်းဆိုလိုက်ပါ တယ်။
ထိုင်းနဲ့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ပိတ်ရက်က ဖနောင်ပင်မြို့တော်မှာ ဆွေးနွေး မှုတွေ ပြုလုပ်ခဲ့ပေမယ့် တင်းမာမှုတွေ ဖြေလျှော့မယ့် သဘောတူညီမှု မရရှိခဲ့ပါဘူး။
နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာမှုကြောင့် စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။ ထိုင်းနိုင်ငံက နယ်စပ်ဂိတ်အချို့ကို ကန့်သတ်ခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံက ထိုင်းရုပ်ရှင်တွေ ထုတ်လွှင့်ပြသတာကို ပိတ် ပင်ခဲ့ပါတယ်။
ကိုးကား – NHK
Ref; Cambodia turns to ICJ over border disputes with Thailand
#Ayeyarwaddy_Times