
ဓာတ်ပုံ-ရေဖြူမြို့နယ် PDF
ဧရာဝတီတိုင်းမ်
ဇွန်လ ၂၈ ရက်
တနင်္သာရီတိုင်း၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်အတွင်း ဇွန် ၂၅ ရက်နေ့က မသင်္ကာဖွယ်ရာ ဆိုင်ကယ်တစ်စီးကို ရေဖြူမြို့နယ် PDF က ရှာဖွေစစ်ဆေးခဲ့ပြီး မူးရစ်ဆေးများတင်ဆောင်လာလို့ ဖမ်းဆီးမှု ပြုလုပ်ခဲ့တယ်လို့ ရေဖြူမြို့နယ် PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။
“အဆိုပါ ဆိုင်ကယ်ကို ဖမ်းဆီးစစ်ဆေးခဲ့ပြီး Ice ၁၁ တောင့် ပါအထုပ် ၂ ထုပ်၊ WY စိတ်ကြွရူးသွပ်ဆေးပြား ၉၆ ပြား၊ 380 ကျည် 3 တောင့်၊ လက်လုပ် သေနတ် ၁ လက်၊ ဟန်းဖုန်း ၂ လုံးနှင့် ငွေသား ၁၃၁၆၅၀ ကျပ်ကို သိမ်းဆည်းရမိခဲ့တယ်”လို့ ရေဖြူမြိုနယ် PDF တပ်ဖွဲ့ဝင်တဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။
ထို့ပြင် ၎င်းကိုဖမ်းဆီးပြီးနောက် စစ်ဆေးဖော်ထုတ်ချက်အရ ဇွန်လ ၂၆ ရက် နေ့ကလည်း အိမ်တစ်အိမ်ကို ဝင်ရောက်ဖမ်းဆီးပြီး ကာလပေါက်ဈေး ကျပ်သိန်းနှစ်ရာ ခန့် တန်ဖိုးရှိသော Ice တစ်တုံးကို သိမ်းဆည်းရမိခဲ့တယ် ရေဖြူမြို့နယ် PDF က ဆက်လက်ပြောပါတယ်။
ဖမ်းဆီးခံသူကို နောက်နောင် မူးယစ်ဆေးဝါး ရောင်းဝယ်ခြင်းမပြုရန် သတိပေးကာပြန်လွှတ်ပေးခဲ့ပြီး သိမ်းဆည်းရမိခဲ့တဲ့မူးယစ်ဆေးဝါးများကို မီရှို့ဖျက်ဆီးပြီး ငွေသားများကို တော်လှန်ရေးရံပုံငွေအဖြစ် အသုံးပြုသွားမယ် လို့ ရေဖြူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ပြောဆိုထားပါတယ်။