
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
ဧရာ၀တိီတိုင်း၊ ပုသိမ်-မြောင်းမြ ကားလမ်း ၊ အနောက်စု ကျေးရွာ အနီးတွင် ဇွန် ၁၆ ရက်နေ့ ညနေပိုင်းက ကားတစ်စီး လမ်းဘေးမြောင်းထဲပြုတ်ကြသဖြင့် စီးပွါးရေးလုပ်ငန်းရှင် လင်မယား သေဆုံးသွားကြောင်း ဒေသခံများထံက သိရသည်။
မြောင်းမြမြို့ဘက်မှဇနီးမောင်နှံ နှစ်ဦး မောင်းနှင်လာသောVigoအမျိုးအစားမော်တော်ကားသည်အနောက်စုကျေးရွာအနီးတွင် ကားရှောင်ရာမှ လမ်းဘေးမြောင်းအတွင်းပြုတ်ကျခဲ့ခြင်းဖြစ်သည်။
“မိုးတွင်းဆိုတော့ ကားလမ်းဘေး မြောင်းတွေက ရေအနက်ကြီးတွေဖြစ်နေတာ ဖြစ်ဖြစ်ခြင်းလူတွေ ဆယ်ကြပေမယ့် ကားထဲကလူတွေက ရေမွန်းပြီးဆုံးသွားကြတယ် အခြားဒဏ်ရာဘာမှမရဘူး”ဟု ကူညီပေးခဲ့သူဒေသခံတစ်ဦးမှဧရာ၀တီတိုင်းမ်ကိုပြောသည်။
သေဆုံးသွားသူများမှာ ကျိုက်လတ်မြို့၆ လမ်းတွင်နေထိုင်သည့် ကိုဇေထွဋ်ဝင်းနှင့်မစန်းစန်ဌေးဇနီးမောင်နှံဖြစ်ပြီး CCPဓါတ်မြေသဩဇာကုမ္ပဏီမှဟုသိရကာ ပုသိမ်သို့အလုပ်ကိစ္စသွားရောက်စဉ် ယခုကဲ့သို့ဖြစ်ပွါးကြောင်း သိရသည်။
အဆိုပါ လမ်းပိုင်းနေရာတွင် အချက်ပြဆိုင်းဘုတ်များ မထားရှိခြင်းကြောင့်မကြာခဏ ကား၊ ဆိုင်ကယ်၊ ထော်လာဂျီများ မြောင်းအတွင်းပြုတ်ကျကာ နှစ်စဉ်အသက်ဆုံးရှုံးမှုများရှိနေကြောင်း သိရသည်။
#ပုသိမ်မြောင်းမြ #ကားလမ်း #မော်တော်ယာဉ် #မြောင်းထဲပြုတ်ကျ #လင်မယား၂ဦး #ရေနစ်သေဆုံး #Ayeyarwaddy_Times