ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်

ကာတ်စ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ ယူကရိန်းတပ်ဖွဲ့တွေကို တိုက်ခိုက်စဉ် မြောက်ကိုရီး ယားတပ်ဖွဲ့ဝင် ၆၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရရှိခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာန က ခန့်မှန်းလိုက်ပါတယ်။

“ကာတ်စ်ဒေသမှာ ရုရှားတပ်ဖွဲ့တွေနဲ့အတူ ယူကရိန်းစစ်တပ်ကို တိုက်ခိုက်နေတဲ့ မြောက်ကိုရီး ယားတပ်ဖွဲ့ဝင် ၆၀၀၀ ကျော် ထိခိုက်သေကျေခဲ့ဖွယ်ရှိပါတယ်” လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ရုရှားနဲ့ ယူကရိန်းက တိုက်ပွဲတွေမှာ သေကျေဒဏ်ရာရသူ အရေအတွက်ကို တရားဝင် မထုတ် ပြန်ပေမယ့် ရုရှားကိုကူတိုက်ဖို့ ကာတ်စ်ဒေသသို့ တပ်ဖွဲ့တွေ စေလွှတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ယခုနှစ် ဧပြီလမှာ ဝန်ခံခဲ့ပါတယ်။

ရုရှား ကာကွယ်ရေးဝန်ကြီးဟောင်းနဲ့ လုံခြုံရေးကောင်စီ အတွင်းရေးမှူး ဆာဂျီရှိုအီဂူဟာ ဒီလအ စောပိုင်းမှာ မြောက်ကိုရီးယားသို့ သွားရောက်ခဲ့တယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပြ ပါတယ်။

“ဆာဂျီဟာ ရုရှားရဲ့ တရားမဝင် ယူကရိန်းကျူးကျော်စစ်မှာ မြောက်ကိုရီးယားရဲ့ ထောက်ခံမှုရဖို့ အရေးပါတဲ့ လုပ်ဆောင်သူတစ်ဉီး ဖြစ်ခဲ့ဖွယ်ရှိပါတယ်။ သူဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံ အန်နဲ့ သုံးလအတွင်း ဒုတိယအကြိမ် တွေ့ဆုံခဲ့ပါတယ်” လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါ တယ်။

ယူကရိန်းအရေး အပါအဝင် အရေးပါသော နိုင်ငံတကာ နိုင်ငံရေးပြဿနာတွေမှာ မြောက်ကိုရီး ယားက ရုရှားဘက်မှ ခြွင်းချက်မရှိ ရပ်တည်မယ်လို့ ကင်ဂျုံအန်က တွေ့ဆုံမှုအတွင်း ကတိပြုခဲ့ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်အတွင်း ရုရှားသို့ တပ်ဖွဲ့ဝင် ၁၂၀၀၀ ခန့် စေလွှတ်ခဲ့တယ် လို့ အမေရိကန်၊ တောင်ကိုရီးယားနဲ့ ယူကရိန်း ထောက်လှမ်းရေး တာဝန်ရှိသူတွေက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ယခုနှစ်အစောပိုင်းမှာ ရုရှားသို့ ထပ်တိုးတပ်ဖွဲ့ဝင် ၃၀၀၀ ဝန်းကျင် စေ လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား အာဏာပိုင်တွေက ပြီးခဲ့တဲ့လပိုင်းအတွင်း ပြောကြားခဲ့ပါတယ်။

မြောက်ကိုရီးယားက သမားရိုးကျလက်နက်တွေ ရုရှားသို့ ပေးပို့ခဲ့ရာ အပြန်အလှန်အားဖြင့် ရုရှား က မြောက်ကိုရီးယားသို့ စီးပွားရေးနဲ့ စစ်ရေးအကူအညီတွေ ပေးခဲ့တယ်လို့ သိရပါတယ်။

ပြိုင်ဘက်တွေကို ရည်ရွယ်တဲ့ နျူကလီးယားအစီအစဉ်တွေ အဆင့်မြှင့်တင်ရေးမှာ မြောက်ကိုရီး ယားကို ကူညီဖို့ ရုရှားက ခေတ်မီနည်းပညာတွေ လွှဲပြောင်းပေးခဲ့ဖွယ်ရှိတယ်လို့ အနောက်နိုင်ငံ ထောက် လှမ်းရေးတွေနဲ့ တောင်ကိုရီးယားက သတိပေးခဲ့ပါတယ်။

ကိုးကား – Independent
Ref; North Korea suffered more than 6,000 casualties in Ukraine, UK intelligence says

#Ayeyarwaddy_Times