
ဧရာဝတီတိုင်းမ်
ဇွန် ၁၇ ရက်
အစ္စရေးနိုင်ငံက ပဋိပက္ခ စတုတ္ထမြောက်နေ့မှာ လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်လာလို့ တီဟီ ရန်မြို့ခံတွေ ဘေးလွတ်ရာရွှေ့ပြောင်းကြဖို့ အစ္စရေးနိုင်ငံက သတိပေးလိုက်ပါတယ်။
တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုအတွင်း နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနချုပ်ကို ဗုံးတွေ ထိမှန်ခဲ့ရာ အီရန်ရုပ် သံတင်ဆက်သူတစ်ဉီး စတူဒီယိုမှ ထွက်ပြေးခဲ့ရပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တနင်္လာနေ့နှောင်းပိုင်းမှာ လူမှုကွန်ရက်၌ ပို့စ်တစ်ခု တင်ခဲ့ ပြီး တီဟီရန်မြို့ခံတွေ ချက်ချင်း ဘေးလွတ်ရာသို့ရွှေ့ပြောင်းကြဖို့ တောင်းဆိုကာ အီရန်နိုင်ငံက နျူက လီးယားလက်နက် ပိုင်ဆိုင်လို့မရဘူးလို့ ရေးသားခဲ့ပါတယ်။
တိုက်ခိုက်မှုတွေက အီရန်ရဲ့ နျူကလီးယားအစီအစဉ်ကို ပစ်မှတ်ထားကြောင်း အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြောကြားခဲ့ပြီး သူ့အနေနဲ့ ဒေါ်နယ်ထရမ့်နဲ့ နေ့စဉ် အဆက်အသွယ်ရှိ ကာ အီရန်အစိုးရဟာ အလွန် အင်အားချိနဲ့နေပြီလို့ ဆိုပါတယ်။
အီရန်ထိပ်တန်းစစ်ခေါင်းဆောင်တွေ၊ ယူရေနီယမ်သန့်စင်နယ်မြေတွေနဲ့ နျူကလီးယား သိပ္ပံပ ညာရှင်တွေအပေါ် တိုက်ခိုက်မှုဟာ အီရန်က အဏုမြူလက်နက်စက်ရုံတစ်ခု တည်ဆောက်မှုကို ဟန့် တားဖို့ဖြစ်ပြီး တိုက်ခိုက်မှုတွေကြောင့် သောကြာနေ့နောက်ပိုင်း လူ ၂၂၄ ဉီး သေဆုံးခဲ့ပြီလို့ အစ္စရေးက ပြောပါတယ်။
အီရန်နိုင်ငံက အစ္စရေးသို့ ဒုံးကျည် ၃၇၀ စင်းကျော်နဲ့ ရာနဲ့ချီတဲ့ ဒရုန်းတွေ ပစ်လွှတ်ပြီး လက်တုံ့ ပြန်ခဲ့ရာ အစ္စရေးနိုင်ငံမှာ လူ ၂၄ ဉီး သေဆုံးခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။
အစ္စရေးလေတပ်ဖွဲ့က အီရန်လေပိုင်နက်မှာ အပြည့်အဝ လေကြောင်းအသားစီး ရရှိထားတယ် လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် အက်ဖီဒက်ဖရင်က တနင်္လာနေ့မှာ ပြောကြားခဲ့ပါ တယ်။
အီရန်နိုင်ငံအလယ်ပိုင်းမှာ အီရန်နိုင်ငံရဲ့ မြေပြင်-မြေပြင်ခွင်းဒုံးကျည်တွေရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ဒုံးကျည် အစင်း ၁၂၀ ကျော်အပြင် F-14 လေယာဉ်နှစ်စင်းနဲ့ အစ္စရေးနိုင်ငံသို့ ပစ်လွှတ်တော့မယ့် ပဲ့ထိန်း ဒုံးကျည်တွေကို ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အီရန်နိုင်ငံပြင်ပမှာ စစ်ရေးနဲ့ ထောက်လှမ်းရေးစစ်ဆင်မှုတွေ လုပ်ဆောင်တဲ့ တော်လှန်ရေးအ စောင့်တပ်ဖွဲ့ရဲ့ အထူးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Quds Force ပိုင်ဆိုင်တဲ့ တီဟီရန်မြို့ရှိ ကွပ်ကဲရေးဌာနချုပ် ၁၀ ခုကို ဂျက်တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်မှ တာဝန်ရှိသူတွေက ဆိုပါတယ်။
ကိုးကား – AP
Ref; Israel orders 300,000 people in Tehran to evacuate while Trump issues ominous warning
#Ayeyarwaddy_Times