
သြဂုတ်လ ၂၈ ရက်နေ့ နိုင်ငံတဝှမ်း ဖြစ်ပွားခဲ့သောသတင်းများ(Ayeyarwaddy Times News SMS)
– ဧရာဝတီတိုင်းက ဈေးတွေမှာ တနင်္ဂနွေနေ့ ဖက်နဲ့ဈေးရောင်းခိုင်းပြီး စစ်ခေါင်းဆောင် ယတြာချေနေ
– စစ်ကောင်စီက တရုတ်နဲ့ထိုင်းသို့ ဓာတ်ငွေ့တင်ပို့မှုမှ လေးလအတွင်း ဒေါ်လာ သန်း ၈၀၀ ရရှိ
– ဖျာပုံမြို့မှာ ထွေအုပ်ဝန်ထမ်း သေနတ်နဲ့ ပစ်သတ်ခံရအပြီး ပြည်သူတွေ ဖမ်းဆီးခံရ
– ဂန့်ဂေါမြို့ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ယော ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်
– မွန်ပြည်နယ်မှာ ရော်ဘာကျွမ်းကျင် အလုပ်သမားတွေ ပိုမိုရှားပါးလာ
– စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူလူထုနေအိမ်ပေါင်း ၂၈,၄၀၀ ကျော်ရှိလာ
– BL စာအုပ်တွေကို စစ်ကောင်စီက ညစ်ညမ်းစာပေ အဖြစ် သတ်မှတ်ပြီး ပိတ်သိမ်း
– ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တိုကျိုတွင် ဆန္ဒပြ
– ဆောနဲ့ ထီးလင်းမြို့နယ်တွေမှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွား
– မုံရွာအကျဉ်းထောင်တွင်း မငြိမ်သက်မှုတွေ ဖြစ်ပေါ်