ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်

အီရန်ခေါင်းဆောင် အယာတိုလာခါမေနီအား လုပ်ကြံသတ်ဖြတ်မယ့် အစ္စရေးနိုင်ငံရဲ့ အစီအစဉ် ကို သမ္မတ ဒေါ်နယ်ထရမ့်က ကန့်ကွက်ခဲ့တယ်လို့ အမေရိကန်နိုင်ငံရှိ မီဒီယာတွေက ဖော်ပြပါတယ်။

ခါမေနီအား သတ်ဖြတ်မယ့် အစီအစဉ်တစ်ခု ရေးဆွဲထားတယ်လို့ အစ္စရေးအာဏာပိုင်တွေက ပြီး ခဲ့တဲ့ရက်ပိုင်းအတွင်း အမေရိကန်အစိုးရကို အကြောင်းကြားခဲ့တယ်လို့ အမေရိကန်အစိုးရ တာဝန်ရှိသူ တွေကို ကိုးကားပြီး မီဒီယာတွေက တနင်္ဂနွေနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က အစ္စရေးနိုင်ငံရဲ့ အစီအစဉ်ကို ကန့်ကွက်ခဲ့တယ်လို့ အမေရိကန်အစိုးရက ရှင်း လင်းစွာ ပြောကြားခဲ့ပါတယ်။

“ဘယ်တော့မှ မဖြစ်ပျက်ခဲ့တဲ့ စကားပြောဆိုမှု သတင်းမှားများစွာ ရှိနေပါတယ်။ ကျွန်တော်က အဲဒီသတင်းမှားတွေကို အလေးထားနေမှာ မဟုတ်ဖူး” လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု က FOX TV နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

အစိုးရအပြောင်းအလဲဟာ အီရန်ခေါင်းဆောင်တွေကို ပစ်မှတ်ထားဖို့ အစ္စရေးနိုင်ငံရဲ့ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလားဟု မေးမြန်းရာမှာ “အဲဒါ သေချာပေါက်ရလဒ် ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အီရန်အစိုးရဟာ အလွန် အားနည်းပါတယ်” လို့ နေတန်ယာဟုက ဖြေကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်က အစ္စရေးနိုင်ငံကို ထောက်ခံကြောင်း ထုတ်ဖော်ပြောခဲ့ပေမယ့် နှစ်နိုင်ငံကြား အ ပြန်အလှန် တိုက်ခိုက်မှုတွေ ဆက်ရှိနေလို့ အစ္စရေးရဲ့ အီရန်ကို တိုက်ခိုက်မှုဟာ အမေရိကန်နဲ့မဆိုင်ဘူး လို့ ဆိုပါတယ်။

ကိုးကား – NHK
Ref; Trump reportedly opposes Israeli plan to kill Iran’s Supreme Leader Khamenei

#Ayeyarwaddy_Times