
ဧရာဝတီတိုင်းမ်
ဇွန် ၁၆ ရက်
စနေနေ့က အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်ရှိ ဒီမိုကရက်လွှတ်တော်အမတ်နှစ်ဦးနဲ့ ဇနီး သည်တွေ ပစ်ခတ်ခံခဲ့ရပြီး လင်မယားနှစ်ဉီး သေလုနီးပါးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်ကို ပစ်မှတ်ထားတဲ့ နိုင်ငံရေးအကြမ်းဖက်မှုတစ်ခုအဖြစ် မင်နီဆိုးတားပြည်နယ် အုပ်ချုပ်ရေးမှူးက ခေါ်ဆိုခဲ့ပါတယ်။
ချမ်ပလင်မြို့ရှိနေအိမ်မှာ ပြည်နယ် အထက်လွှတ်တော်အမတ် ဂျွန်ဟော့မင်းနဲ့ ဇနီးသည်တို့ ပစ် ခတ်ခံခဲ့ရတယ်လို့ နံနက် ၂ နာရီမှာ ဖုန်းခေါ်ဆိုမှု လက်ခံရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ် ဂျွန်ဟော့မင်းနဲ့ ဇနီးသည်တို့ဟာ ခက်ခဲတဲ့အခြေအနေ ရှိနေတယ်လို့ ရဲတပ်ဖွဲ့ က ဆိုပါတယ်။
ဂျွန်ဟော့မင်း ပစ်ခတ်ခံရပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေဟာ ဘရွတ်ကလင်းမြို့ရှိ ပြည်နယ် လွှတ် တော်အမတ် မယ်လစ်ဆာဟော့မင်းရဲ့နေအိမ်ကို စစ်ဆေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။
ရဲအရာရှိတစ်ဉီးအဖြစ် အယောင်ဆောင်ထားတယ်လို့ သံသယရှိသူတစ်ဦးကို တွေ့ကြုံခဲ့ရတယ် လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။
အသက် ၅၇ နှစ်အရွယ် သံသယရှိသူ အမျိုးသားကို ဖော်ထုတ်ခဲ့ပြီး လက်ရှိမှာ သူ့ကို ရှာဖွေနေ တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ သံသယရှိသူဟာ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ပြီး အခင်း ဖြစ်ရာနေရာမှ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်နယ်လွှတ်တော်အမတ် ဟော့မန်းနဲ့ သူ့ရဲ့ခင်ပွန်းဖြစ်သူတို့ သေဆုံးခဲ့ပြီလို့ အာဏာပိုင်တွေ က ကြေညာခဲ့ပါတယ်။
ဒီမိုကရက်တစ် ပြည်နယ်အုပ်ချုပ်ရေးမှူး တင်ဝပ်ဇ်က ဖြစ်စဉ်ကို ရှုတ်ချခဲ့ပြီး နိုင်ငံရေးအရ စေ့ ဆော်တဲ့ လုပ်ကြံသတ်ဖြတ်မှုတစ်ခုလို့ ပြောပါတယ်။
“မင်နီဆိုးတားပြည်နယ်နဲ့ အမေရိကန်နိုင်ငံတစ်ဝန်းလုံးက ပြည်သူတွေဟာ နိုင်ငံရေး အကြမ်း ဖက်မှုပုံစံအားလုံးကို ဆန့်ကျင်ရမယ်” လို့ သူက ဆိုပါတယ်။
ကိုးကား – NHK
Ref; Minnesota lawmakers and spouses shot in ‘political violence,’ 2 dead
#Ayeyarwaddy_Times