
ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်အတွင်းသို့ ယခုရက် ပိုင်းအတွင်း စစ်ရှုံးစစ်ကောင်စီတပ်များ တပ်ဆုတ်ပြေးလာသည့်အတွက် ရဲတပ်ဖွဲ့ဝင်အရာရှိတချို့နှင့် အုပ်ချုပ်ရေးမှူးများ ကျုံပျော်မှထွက်ပြေးရန် စီစဉ်နေကြောင်း သိရသည်။
ရေကြည်မြို့နယ်၊ အမြောက်တပ် အမတ-၃၄၄ အမြောက်တပ်မှ လက်နက်ကြီးများ ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့တွင် ပြီးခဲ့သည့် ဇွန် ၁၂ ရက်နေ့ကကျုံပျော် ခလရ ၃၆ သို့ ပြောင်းရွှေ့ထားပြီး စစ်ကောင်စီတပ်ဖွဲ့တချို့ပါ တပ်ဆုတ်ပြေးလာသည့်အတွက် ကျုံပျော်အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများက ပိုင်ဆိုင်မှုများကို သိမ်းဆည်းကာ ကိုယ်လွတ်ရုန်းထွက်ပြေးရန် စီစဉ်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
“လက်နက်ကြီးသံတွေကြားရင် မကြောက်ကြဖို့ ကျောင်းတက်နေတဲ့ ကလေးတွေကိုလည်း မိဘတွေအနေနဲ့ အထိတ်တလန့်ဖြစ်အောင် လာမခေါ်ကြဖို့ စစ်တပ်က အစည်းအဝေးခေါ်ပြောတယ်။ ဒါပေမဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ပြေးဖို့လုပ်နေကြတယ်” ဟု ကျုံပျော်ဒေသခံက ဧရာဝတီတိုင်းမ်ကို ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များကို “မနက်လာမှာလား၊ ညနေရောက်မှာလား” ဆိုပြီး သီချင်းဆိုကာ လှောင်ပြောင်ခဲ့သည့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ကျုံပျော်သို့ စစ်ရေးရောက်ရှိလာမည်ကို စိုးရိမ်ပြီး ထွက်ပြေးရန်စီစဉ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ကျုံပျော်မြို့နယ် စီမံအုပ်ချုပ်ရေးပိုင်းမှ ဗိုလ်မှူးနေအောင်သည် အုပ်ချုပ်ရေးမှူးများကို ယခုပတ်အတွင်း စစ်မှု ထမ်းတပ်သားသစ်များ စုဆောင်းပေးရန် ဖိအား ပေးနေသော်လည်း အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှာ ပြေးရန်သာ စီစဉ်နေကြကြောင်း သိရသည်။
ကျုံပျော် ခလရ ၃၆ အတွင်း စစ်ကောင်စီများ တပ်ဆုတ်ပြေးလာရပြီး အထက်အရာရှိများက လူအင်အားပြန် လည်စုဖွဲ့ကာ ရေကြည်သို့ပြန်လည်ပို့ဆောင်ရန် စီစဉ်နေကြောင်းကိုလည်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
ရေကြည်မြို့နယ်၊ အမြောက်တပ် ၃၄၄ ကို တော်လှန်ရေးတပ်ဖွဲ့များက အနီးကပ်ဝင်ရောက်တိုက်ခိုက်နေပြီး အသစ်ဆောက်လုပ်ထားသည့် နှစ်ထပ်အင်္ဂတေဘန်ကာများကိုပါ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေကြောင်း သိရသည်။
#ဧရာဝတီတိုင်း #ကျုံပျော် #တော်လှန်ရေးတပ်များ #လှောင်ပြောင်ခဲ့သည့် #အုပ်ချုပ်ရေးအဖွဲ့ #ထွက် ပြေးရန် #စီစဉ် #Aueyarwaddy_Times