
ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ဘုရားကုန်းကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက အသက် ၁၈နှစ်မှ ၆၅နှစ်အတွင်းရှိသည့် နေအိမ်များကို ပြည်သူ့စစ်မှုထမ်းနှင့် ပြည်သူ့စစ်အတွက်ဟုဆိုကာ အချိုးကြတောင်းယူနေကြောင်း ဒေသခံများထံမှ သိရသည်။
ဘုရားကုန်းကျေးရွာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးမှာ ဒေါ်နွယ်နွယ်ဝင်းဖြစ်ပြီး ဦးပွကြီး ၊ ဦးသားပေါက်တို့နှင့်အတူ ငွေတောင်းယူပြီး ငွေမထည့်သည့် နေအ်ိမ်များက်ို စစ်တပ်ခေါ်၍ ဖမ်းဆီးမည်ဟု၍လည်း ခြိမ်းခြောက်နေကြောင်း ဒေသခံများက ပြောသည်။
“ပြည်သူ့စစ်မှုထမ်းအတွက်ရော၊ ပြည်သူ့စစ်အတွက်ရော နေအိမ်တွေကို အမျိုးစားခွဲပြီး ငွေတောင်းတာ။ တချို့အိမ်ဆိုရင် သုံးယောက်ထိ ရှိပါတယ်၊ သုံးယောက်ဆို သုံးယောက်စာထည့်ရပါတယ်။ ကျေးရွာနေပြည်သူတွေမှာ လုံးဝကို အဆင်မပြေကြပါဘူး “ဟု ဘုရားကုန်းကျေးရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ငွေကြေးပြည့်စုံသည့် နေအိမ်များက်ို ရှစ်
သောင်းခွဲကျပ်၊ အလယ်လတ်တန်းများကို ခြောက်သောင်းခွဲကျပ်၊ လက်လုပ်လက်စားများကို လေးသောင်းခွဲကျပ်ဟူ၍ အချ်ိုးကျတောင်းယူပြီး ယင်းဘုရားကုန်းကျေးရွာတွင် အိမ်ခြေ ၃၇၀ ကျော်ရှိကြောင်း ဒေသခံများကပြောဆိုသည်။
စစ်ကောင်စီခန့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအများစုသည် ပြည်သူ့စစ်မှုထမ်းအကြောင်းပြ ခြိမ်းခြောက်ငွေတောင်းယူမှုများပြုလုပ်နေသော်လည်း စစ်ကောင်စီတပ်မှ အရေးယူမှုများပြုလုပ်ခြင်းမရှိပဲ ပြည်သူ့စစ်မှုထမ်းများ ရရှိရေးအတွက်သာ ဦးစားပေးလုပ်ဆောင်လျှက်ရှိသည်ဟု စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးတစ်ဦးကပြောသည်။
ဧရာဝတီတိုင်းတွင် ၂၆မြို့နယ်ရှိပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးအများစုမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းပြ၍ ခေါင်းစဥ်အမျိုးမျိုးတတ်ကာ ငွေတောင်းယူမှုများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာကြသလို ကိုယ်ကျိုးအတွက်အသုံးပြုကာ ကြီးပွါးချမ်းသဋနေကြကြောင်း ဧရာဝတီတိုင်းရှိ ဒေသခံများပြောဆိုသည်။
#ရေကြည် #ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ #ပြည်သူ့စစ်မှုထမ်း #စစ်တပ်ခေါ်ဖမ်းဆီးမည်ဟုခြိမ်းခြောက်
#Ayeyarwaddy_Times