ဧရာဝတီတိုင်းမ်
ဇွန် ၁၅ ရက်

အီရန်နိုင်ငံက အစ္စရေးပိုင်နက်နယ်မြေကို ဒုံးကျည်တွေနဲ့ ဆက်လက်တိုက်ခိုက်ရင် တီဟီရန်မြို့ တော်ကို မီးရှို့ပစ်မယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က စနေနေ့မှာ ခြိမ်းခြောက်ခဲ့ပါ တယ်။

အစ္စရေးစစ်တပ်အကြီးအကဲ အိုင်ယယ်ဇာမီယာ၊ မော့ဆက်အဖွဲ့ ညွှန်ကြားရေးမှူး ဒေးဗစ်ဘာနီ ယာနဲ့ အခြားအကြီးတန်း စစ်ဘက်အရာရှိတွေတက်ရောက်တဲ့ အဆင့်မြင့် လုံခြုံရေးအစည်းအဝေးမှာ သူ က အခုလို မှတ်ချက်ပြုခဲ့တာပါ။

“အီရန်အာဏာရှင်က အီရန်နိုင်ငံသားတွေကို ဓားစာခံတွေအဖြစ် အသုံးချနေပြီး အစ္စရေးအရပ် သားတွေအပေါ် တိုက်ခိုက်မှုအတွက် တီဟီရန်ဒေသခံတွေဟာ တန်ဖိုးကြီးကြီး ပေးဆပ်ရပါမယ်” လို့ ၎င်း က ဆိုပါတယ်။

“အီရန်ခေါင်းဆောင် အယာတိုလာခါမေနီက အစ္စရေးပိုင်နက်ကို ဒုံးကျည်တွေနဲ့ ဆက်လက်ပစ် ခတ်ရင် တီဟီရန်မြို့တော်ကို မီးရှို့ပစ်မယ်” လို့ အစ္စရေးကတ်ဇ်က သတိပေးခဲ့ပါတယ်။

အီရန်နိုင်ငံသို့ လမ်းကြောင်းခင်းပြီးဖြစ်ကာ တီဟီရန်မြို့တော်ကို လေကြောင်းတိုက်ခိုက်မှုတွေ ထပ်ပြုလုပ်မယ်လို့ အစ္စရေးစစ်ဉီးစီးချုပ် အိုင်ယယ်ဇာမီယာနဲ့ လေတပ်မှူး တိုမာဘားတို့က အစောပိုင်း မှာ ပြောကြားခဲ့ပါတယ်။

အစီအစဉ်တွေအရ အစ္စရေးလေတပ်မှ စစ်လေယာဉ်တွေက တီဟီရန်မြို့တော်ရှိ ပစ်မှတ်တွေကို တိုက်ခိုက်မယ်လို့ ၎င်းတို့က ဆိုပါတယ်။

အစ္စရေးနိုင်ငံဟာ သောကြာနေ့အစောပိုင်းက အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ပြု လုပ်ပြီး နျူကလီးယားနယ်မြေတွေနဲ့ ဒုံးကျည်အခြေစိုက်စခန်းတွေကို တိုက်ခိုက်ခဲ့ရာ အကြီးတန်းတပ် မှူးအချို့နဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေ သေဆုံးခဲ့ပါတယ်။

အီရန်နိုင်ငံကလည်း ဒုံးကျည်၊ ဒရုန်းတိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့ရာ အစ္စရေးနိုင်ငံသား သုံးဉီး သေဆုံးပြီး ၁၇၂ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။

ကိုးကား – Yeni Safak
Ref; Israeli DefMin threatens to ‘burn Tehran’ if Iranian attacks continue

#Ayeyarwaddy_Times