ခရုဇာပဲ့ထိန်းဒုံးတပ် အမေရိကန်စစ်သင်္ဘောနှစ်စင်း ထိုင်ဝမ်ရေလက်ကြားမှ ဖြတ်သန်းမောင်းနှင်

ဧရာဝတီတိုင်းမ်

သြဂုတ်လ ၂၈ ရက်

အမေရိကန်စစ်သင်္ဘောနှစ်စင်း ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းမောင်းနှင်နေတယ်လို့ အမေရိ ကန်ရေတပ်က ကြေညာလိုက်ပါတယ်။

ဒီလအစောပိုင်းမှာ အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်အပြီး ထိုင်ဝမ်နဲ့ တရုတ်ကြား တင်းမာမှုတွေ ဖြစ်ပွားပြီးနောက် ပထမဆုံးအကြိမ် ရေကြောင်းမောင်းနှင်မှုဖြစ်ပါတယ်။

အမေရိကန်နဲ့ အနောက်နိုင်ငံမှ ရေတပ်ဖွဲ့တွေက မကြာသေးမီနှစ်တွေအတွင်း ထိုင်ဝမ်ရေလက်ကြားမှ တစ်ဆင့် ပုံမှန်ဆိုသလို ဖြတ်သန်းမောင်းနှင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ခရုဇာပဲ့ထိန်းဒုံးတွေတပ်ဆင်ထားတဲ့ USS Antietam နဲ့ USS Chancellorsville တို့က အပြည်ပြည်ဆိုင် ရာ ရေပိုင်နက်အတွင်း လွတ်လပ်သောရေကြောင်းမောင်းနှင်မှုကို သရုပ်ပြသနေတယ်လို့ အမေရိကန်အစိုးရက ပြောပါတယ်။

ထိုင်ဝမ်က တရုတ်ပိုင်နက်နယ်မြေ တစ်စိတ်တစ်ပိုင်းဖြစ်တာကြောင့် ဒီလို စစ်သင်္ဘောတွေ ထိုင်ဝမ်ရေ လက်ကြားမှတစ်ဆင့် ဖြတ်သန်းမောင်းနှင်တာဟာ ရန်စသောအပြုအမူတွေဖြစ်တယ်လို့ တရုတ်နိုင်ငံက ရှုမြင်ပါ တယ်။

စစ်သင်္ဘောနှစ်စင်းရဲ့ အခြေအနေကို စောင့်ကြည့်နေပြီး အမြင့်ဆုံးအဆင့် တပ်လှုန့်ထားတာ ဘယ်လိုရန် စမှုမျိုးကိုမဆို ဖြိုခွင်းဖို့အသင့်ဖြစ်နေပြီလို့ တရုတ်စစ်တပ်က ဒီနေ့ ပြောပါတယ်။

ထိုင်ဝမ်ရေလက်ကြားမှတစ်ဆင့် စစ်သင်္ဘောနှစ်စင်း ဖြတ်သန်းမောင်းနှင်တာ အမေရိကန်နိုင်ငံရဲ့ လွတ် လပ်ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်လာရေး ကတိကဝတ်ကို ပြသတာဖြစ်တယ်လို့ အမေရိကန်ရေတပ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – BBC

Ref; Two US warships sail through strait