ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်

အစ္စရေးက နျူကလီးယားနယ်မြေတွေနဲ့ စစ်ဘက်အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး တိုက် ခိုက်ခဲ့ရာ အကြီးတန်းတပ်မှူးနှစ်ဉီးနဲ့ နျူကလီးယားသိပ္ပံပညာရှင်တွေ သေဆုံးခဲ့တဲ့အပေါ် အပြင်းအထန် လက်တုံ့ပြန်ဖို့ အီရန်နိုင်ငံက ကတိပြုခဲ့ရာ နျူကလီးယားအစီအစဉ်တွေ ကန့်သတ်ဖို့ အမေရိကန်နိုင်ငံရဲ့ တောင်းဆိုချက်ကို သဘောတူဖို့ သမ္မတ ဒေါ်နယ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

အီရန်အပေါ် တိုက်ခိုက်ဖို့ စီစဉ်ထားတာ ပိုမို ရက်စက်မှာဖြစ်လို့ ဘာမှမဖြစ်ခင် သဘောတူညီ ချက်တစ်ရပ် ပြုလုပ်ဖို့ ၎င်းက သောကြာနေ့မှာ လူမှုကွန်ရက်၌ သတိပေးခဲ့ပါတယ်။

အစ္စရေးရဲ့တိုက်ခိုက်မှုတွေမှာ အမေရိကန်နိုင်ငံက မပါဝင်ခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူ ဘီယိုက ဆိုပြီး ဒေသတွင်းရှိ အမေရိကရဲ့ အကျိုးစီးပွားတွေကို ပစ်မှတ်မထားဖို့ အီရန်ကို တိုက်တွန်းခဲ့ ပေမယ့် အမေရိကန်ဟာ အကျိုးဆက်တွေအတွက် တာဝန်ရှိမယ်လို့ အီရန်က ပြောပါတယ်။

အီရန်က အစ္စရေးကို အပြင်းအထန် လက်တုံ့ပြန်ဖို့ ကတိပြုခဲ့ပြီး အစ္စရေးပိုင်နက်ကို ပစ်လွှတ်တဲ့ ဒရုန်း ၁၀၀ ခန့်ကို ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်မှူး ဟူစိန်ဆာလာမီ၊ စစ်ဉီးစီးချုပ် မိုဟာမက်ဘတ်ဟီရီ၊ နျူက လီးယား သိပ္ပံပညာရှင် မိုဟာမက်မာဒီနဲ့ ဖာရေးဒွန်အဘာစီတို့ဟာ အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် သေ ဆုံးခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာတွေက ဖော်ပြပါတယ်။

အစ္စရေးစစ်လေယာဉ် ၂၀၀ စင်းခန့်ဟာ အီရန်အပေါ် ညပိုင်းအချိန် လေကြောင်းတိုက်ခိုက်မှုမှာ ပါဝင်ခဲ့ပြီး အီရန်ရှိ ပစ်မှတ် ၁၀၀ ကျော်ကို ထိမှန်ခဲ့တယ်လို့ အစ္စရေးစစ်တပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူးချုပ် အက်ဖီဒက်ဖရင်က ပြောပါတယ်။

အစ္စရေးက အီရန်ရဲ့ နျူကလီးယားသန့်စင့်မှု အစီအစဉ် အချက်အချာနေရာကို တိုက်ခိုက်ခဲ့တယ် လို့ ဝန်ကြီးချုပ် ဘင်ဂျမန်နေတန်ယာဟုက ပြောပါတယ်။

အစ္စရေးရဲ့ တိုက်ခိုက်မှုကြောင့် လူ ၇၈ ဉီး သေဆုံးခဲ့ပြီး ၃၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အီရန်ရဲ့ Fars News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အစ္စရေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်လို့ အီရန်ခေါင်းဆောင်ကြီး အယာတိုလာခါမေနီက သတိပေးခဲ့ပြီး အီရန်က လက်တုံ့ပြန်ဖို့ တရားဝင် အခွင့်အရေးရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးက တိုက်ခိုက်မှုကြောင့် နောင်တရလိမ့်မယ်လို့ အီရန်သမ္မတ မာစွပ်ပီဇက်ကီယန်က ပြောပါတယ်။ အမေရိကန်နဲ့ အီရန်တာဝန်ရှိသူတွေဟာ လာမယ့်တနင်္ဂနွေနေ့မှာ အိုမန်နိုင်ငံ၌ အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်တဲ့ ဆဌမအကြိမ် ဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

ကိုးကား – Aljazeera
Ref; Trump urges Iran to ‘make a deal’ as Tehran vows response to Israel attacks

#Ayeyarwaddy_Times