
ဧရာဝတီတိုင်းမ်
ဇွန် ၁၄ ရက်
ထိုင်းနိုင်ငံက နယ်စပ်စစ်ဆေးရေးဂိတ်တွေအပေါ် ကန့်သတ်ချက်တွေ မရုတ်သိမ်းရင် ထိုင်းသွင်း ကုန်တွေကို ရပ်ဆိုင်းမယ်လို့ ကမ္ဘောဒီးယား အထက်လွှတ်တော်ဥက္ကဌ ဟွန်ဆမ်က ပြောပါတယ်။
ပြီးခဲ့တဲ့လအတွင်း အငြင်းပွားနယ်စပ်ဒေသမှာ စစ်ရေးပဋိပက္ခ ဖြစ်ပွားပြီးနောက် နယ်စပ်စစ် ဆေးရေးဂိတ်အချို့ ဖွင့်လှစ်ချိန်ကို ဖြတ်တောက်တာမျိုးလို အစီအမံတွေ ထိုင်းနိုင်ငံက လုပ်ဆောင်ခဲ့ပါ တယ်။
ထိုင်းနိုင်ငံက နယ်စပ်စစ်ဆေးရေးဂိတ်တွေကို တစ်ဖက်သတ် ပိတ်ပင်ခဲ့တယ်လို့ ဟွန်ဆမ်က သောကြာနေ့မှာ လူမှုကွန်ရက်၌ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံက နယ်စပ်စစ်ဆေးရေးဂိတ်တွေ ပြန်လည်ဖွင့်လှစ်ဖို့ ငြင်းဆန်ရင် ထိုင်းနိုင်ငံက တန် ပြန်အစီအမံတွေ လုပ်ဆောင်မယ်လို့ ၎င်းက ဆိုပါတယ်။
ကျူးကျော်တိုက်ခိုက်မှုဖြစ်လာနိုင်လို့ လက်နက်ကိုင်တပ်ဖွဲ့အားလုံးဟာ ၂၄ နာရီအပြည့် နိုးကြား မှုရှိရမယ်လို့ သူက ဆက်ပြောပါတယ်။
တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံအပေါ် ရန်လိုတဲ့အပြုအမူတွေ မပြုလုပ်ကြဖို့လည်း ဟွန်ဆမ်က ကမ္ဘောဒီးယားပြည်သူတွေကို တောင်းဆိုလိုက်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အရှေ့မြောက်ပိုင်းပြည်နယ်နဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့မြောက်ပိုင်းပြည်နယ်ကြား နယ် စပ်တစ်လျှောက် နှစ်နိုင်ငံစစ်တပ်တွေ ပစ်ခတ်မှုဖြစ်ပွားမှုကြောင့် ကမ္ဘောဒီးယားစစ်သားတစ်ဉီး သေဆုံး ပြီးနောက် အခုလို ကြေညာခဲ့တာပါ။
တင်းမာမှုတွေ လျှော့ချဖို့ရည်ရွယ်ကာ နှစ်နိုင်ငံစလုံးက စနေနေ့မှာ ဖနောင်ပင်မြို့တော်မှာ အ စည်းအဝေးတစ်ရပ်ကျင်းပဖို့ စီစဉ်နေပါတယ်။
ကိုးကား – NHK
Ref; Cambodia may halt Thai imports after border clash
#Ayeyarwaddy_Times