
ဧရာဝတီတိုင်းမ်
ဇွန် ၁၃ ရက်
ဧရာ၀တီတိုင်း၊ ငါးသိုင်းချောင်းမြို့ ရှိအမှတ် ၃၄၄ အမြောက်တပ်မှ စစ်ကောင်စီတပ်သားများ နေ့စဉ်ထွက်ပြေးမှု ပိုမိုများပြားလာကြောင်း တပ်သတင်းရင်းမြစ်များထံက သိရသည်။
အဆိုပါတပ်အနီးကို မေလမှစတင်ပြီးရခိုင့်တပ်တော်AAနှင့်ပူးပေါင်းတပ်များက တိုက်ခိုက်လာသဖြင့် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး နောက်ပိုင်း စစ်ကောင်စီတပ်သားများ စိတ်ဓါတ်ကျကာထွက်ပြေးကြခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကာကင်းတွေ ကျကုန်တော့ စစ်သားတွေလဲ တိုက်ခြင်စိတ်မရှိတော့ဘူး။ ဇွန်လ အစပိုင်းမှာတင် ထွက်ပြေးကြတာ ၂၀ကျော်လောက်ရှိတယ်”ဟု စစ်ကောင်စီနှင့်နီးစပ်သူတစ်ဦးမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် အမြောက်တပ် ၃၄၄ အနီးသို့ ရခိုင့်တပ်တော်AAနှင့်ပူးပေါင်းတပ်များ ရောက်ရှိနေပြီး စခန်းသိမ်းရန်ပြင်ဆင်နေသောကြောင့် လက်နက်ကြီးပစ်ခတ်သံများ ငါးသိုင်းချောင်းမြို့ပေါ်မှကြားနေရကြောင်း ဒေသခံများမှပြောသည်။
အဆိုပါ အမြောက်တပ်တွင် စစ်ကောင်စီတပ်သားအင်အားနည်းပါးလာပြီး ခံစစ်အားနည်းနေပြီဖြစ်သောကြောင့် ဇွန်လ ၁၂ ရက်နေ့က လက်နက်ကြီးများကို ကျုံပျော် ခလရ ၃၆ သို့အရေးပေါ်ရွှေ့ပြောင်းခဲ့ကြောင်း သိရှိရသည်။
#ငါးသိုင်းချောင်း #အမြောက်က်တပ် #၃၄၄ #စစ်ကောင်စီတပ်သားများ #နေ့စဥ်ထွက်ပြေးနေ #Ayeyarwaddy_Times