
ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်
ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးမသတ်ရင် တိုင်းပြည်ဟာ ကိုယ့်ကိုယ် ကိုယ်ဖျက်ဆီးမှုလမ်းကြောင်းပေါ် ရောက်နေတယ်လို့ ကုလသမဂ္ဂ သံတမန် ဩစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျူလီဘစ်ရှော့ပ်က သတိ ပေးလိုက်ပါတယ်။
မတ်လနှောင်းပိုင်းက အင်အားပြင်း မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့လို့ မြန်မာနိုင်ငံမှာ လူ ၃၇၀၀ ကျော် သေဆုံးခဲ့ပြီး ထောင်နဲ့ချီ ဒဏ်ရာရရှိခဲ့ပေမယ့် အကြမ်းဖက်မှုတွေ အဆုံးမသတ်ခဲ့ဘူးလို့ ၎င်းက ကု လသမဂ္ဂ အထွေထွေညီလာခံမှာ ပြောကြားခဲ့ပါတယ်။
“အဖွဲ့အစည်းအားလုံးမှာ နှစ်ဘက်စလုံး အကျိုးအမြတ်မရှိတဲ့နည်း ရှိနေပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေက လူသားချင်းစာနာမှု လိုအပ်ချက်တွေ ပြည့်မီရေးမှာ အဟန့်အတားဖြစ်နေဆဲပါ။ မြန်မာ နိုင်ငံတွင်းကို လက်နက်တွေစီးဝင်မှုက စစ်ရေးနည်းလမ်းနဲအဖြေရှာဖို့ ဖြစ်နိုင်ဆဲဆိုတဲ့ မျှော်လင့်ချက်တွေ ဖြစ်စေပါတယ်” လို့ ၎င်းက ဆိုပါတယ်။
တိုင်းပြည်ကို အစိတ်စိတ်အမွှာမွှာဖြစ်စေခဲ့တဲ့ မဟာဗျူဟာကို ပြန်လည်စဉ်းစားဖို့ မြန်မာစစ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံချိန်တွေမှာ သူက တိုက်တွန်းခဲ့ပါတယ်။
ဒီဇင်ဘာလ သို့မဟုတ် ဇန်နဝါရီလအတွင်းပြုလုပ်မယ့် ရွေးကောက်ပွဲကိုလည်း ၎င်းက သတိပေး ခဲ့ပြီး အကြမ်းဖက်မှုတွေ အဆုံးမသတ်ရင် ပြည်သူတွေရဲ့ ပိုမို တော်လှန်မှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်စေနိုင် တယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆီယံအဖွဲ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အော့သမန်ဟာရှင်းနဲ့ ညှိနှိုင်းဆောင် ရွက်နေပြီး မြန်မာနိုင်ငံသို့ အတူသွားရောက်ဖို့ သဘောတူခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာတွေရဲ့အခြေအနေဟာ အလွန်စိုးရိမ်ဖွယ်ရာရှိနေပြီး အရပ်သား ၈၀ ရာခိုင်နှုန်း ဆင်းရဲမွဲတေကာ စစ်တပ်နဲ့ အာရက္ခတပ်တော် (AA) ကြား တိုက်ပွဲတွေမှာ ကြားညှပ်နေကာ အဓမ္မ တပ်သားသစ်စုဆောင်းခံရမှုနဲ့ အမြတ်ထုတ်ခံရမှုတွေ ကြုံတွေ့နေရတယ်လို့ သူက ထောက်ပြပါ တယ်။
ကိုးကား – Daily Mail
Ref; UN envoy to Myanmar warns that violence puts country on ‘path to self-destruction’
#Ayeyarwaddy_Times