ဧရာဝတီတိုင်းမ်
ဇွန် ၁၁ ရက်

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကိစ္စရပ်တွေကို နိုင်ငံရေးပုံသွင်းတာ တရုတ်နိုင်ငံက ဆန့်ကျင် တယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယအမြဲတမ်း ကိုယ်စားလှယ် ဆန်လီက ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၇၉/၁၈၂ အရပြုလုပ် တဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ သူက အခု လို ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့တာပါ။

“လူ့အခွင့်အရေးကိစ္စရပ်တွေကို နိုင်ငံရေးဇာတ်သွင်းတာကို ကျွန်တော်တို့ ကန့်ကွက်ပြီး အဲလို ကိစ္စရပ်တွေအပေါ် ဖိအားပေးတဲ့အလေ့အကျင့်ကို ပယ်ချပါတယ်” လို့ ၎င်းက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံက တိုင်းပြည်အခြေအနေနဲ့ကိုက်ညီတဲ့ ဖွံ့ဖြိုးရေးလမ်းကြောင်း ဆက်လက်လျှောက် လှမ်းမှု၊ အချုပ်အခြာအာဏာ၊ လွတ်လပ်ရေး၊ ပိုင်နက်နယ်မြေတည်တံ့မှု၊ တိုင်းပြည်တည်ငြိမ်ရေး ကာ ကွယ်စောင့်ရှောက်မှုကို ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းတိုင်းပြည်အနေနဲ့ တရုတ်နိုင်ငံက ထောက်ခံ တယ်လို့ သူက ဆိုပါတယ်။

အာဆီယံအဖွဲ့ရဲ့ အဆိုပြုချက်နဲ့ မြန်မာစစ်ကောင်စီရဲ့ လမ်းညွှန်မြေပုံက အပြန်အလှန်တွန်းအား ပေးပြီး ထိထိရောက်ရောက် အကောင်အထည်ဖော်ဆောင်ဖို့ တရုတ်နိုင်ငံက မျှော်လင့်တယ်လို့ ဆန်လီ က ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တင်းမာမှုတွေ မြင့်တက်အောင် သို့မဟုတ် အခြေအနေ ရှုပ် ထွေးအောင် လုပ်ဆောင်တာထက် မတူညီမှုတွေကျဉ်းမြောင်းအောင်နဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး အလေးထားသင့်တယ်လို့ ၎င်းက ထောက်ပြပါတယ်။

မြန်မာပြည်သူတွေဟာ လက်ရှိမှာ စစ်ပွဲရပ်တန့်ရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေ အရေး ပေါ် လိုအပ်နေပြီး တရုတ်နိုင်ငံက ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီး အပြုသဘော ဆောင်တဲ့ရလဒ်တွေ ရရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“မြန်မာနိုင်ငံက တည်ငြိမ်မှုနဲ့ ပြန်လည်သင့်မြတ်ရေးရရှိဖို့ ကူညီရာမှာ ကျွန်တော်တို့ အပြုသ ဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပြီး ပါဝင်ပါမယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက အဲလိုရည် မှန်းချက်နဲ့ လုပ်ဆောင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်သို့ နေရပ်ပြန်ရေးကို နှစ်နိုင်ငံကြား ဆွေး နွေးမှုတွေမှတစ်ဆင့် ဖြေရှင်းရမှာဖြစ်ကြောင်း၊ တရုတ်နိုင်ငံက သံတမန်ရေးကြိုးပမ်းမှုတွေမှာ ပါဝင်ခဲ့ပြီး နှစ်နိုင်ငံစလုံးသို့ လူသားချင်းစာနာမှု အကူအညီတွေ ပေးအပ်ခဲ့တယ်လို့ ဆန်လီက ပြောပါတယ်။

ကိုးကား – Xinhua
Ref; China opposes politicization of Myanmar human rights issues: envoy

#Ayeyarwaddy_Times