ဧရာဝတီတိုင်းမ်
ဇွန်လ ၁၁ ရက်

ရွှေ့ပြောင်းအခြေချသူတွေရဲ့ ဆန္ဒပြပွဲတွေကို လက်တုံ့ပြန်ဖို့ လော့အိန်ဂျလိစ်မြို့သို့ ကမ်းတက် တပ်ဖွဲ့ဝင် ၇၀၀ စေလွှတ်မယ်လို့ အမေရိကန် မြောက်ပိုင်းစစ်ဌာနချုပ်က တနင်္လာနေ့မှာ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဆန္ဒပြပွဲတွေကို ဖြိုခွင်းဖို့ တနင်္ဂနွေနေ့မှာ အမျိုးသားအ စောင့်တပ်ဖွဲ့ စေလွှတ်ပြီးနောက် ကမ်းတက်တပ်ဖွဲ့ဝင်တွေ ပို့ဆောင်ဖို့ စီစဉ်တာပါ။

လော့အိန်ဂျလိစ်မြို့ခံတွေဟာ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်ဌာန ဝန်ထမ်းတွေရဲ့ စီး နင်းမှုတွေကို သောကြာနေ့က ဆန္ဒပြခဲ့ပါတယ်။ ထောင်ချီတဲ့ လော့အိန်ဂျလိစ်မြို့ခံတွေဟာ တနင်္လာနေ့ က မြို့လယ်ဧရိယာတွေမှာ စုဝေးကာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူအချို့က အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့ကာ တက္ကစီကားတွေကို မီးရှို့ပြီး ရဲကားတွေကို အမှိုက်တွေနဲ့ပစ်ပေါက်ကာ စတိုးဆိုင်တွေမှာ လုယက်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ပိတ်ရက်အတွင်း လူ ၅၈ ဉီးကို ဖမ်းဆီးကာ ရဲတပ်ဖွဲ့ဝင် (၃) ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ABC ရုပ်သံဌာနက ဖော်ပြခဲ့ပါတယ်။ လော့အိန်ဂျလိစ်မြို့တော် ကာရင်ဘက်စ်က လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်ခွန်ဌာနရဲ့ ဖြို ခွင်းမှုကို ဝေဖန်ခဲ့ပါတယ်။

လော့အိန်ဂျလိစ်မြို့တော်မှာ အမျိုးသားအစောင့်တပ်ဖွဲ့ ရုတ်သိမ်းဖို့ ကယ်လီဖိုးနီးယားပြည်နယ် ခေါင်းဆောင်တွေက တောင်းဆိုနေပေမယ့် ဒေါ်နယ်ထရမ့်က သူ့ရဲ့လုပ်ရပ်ကို ကြီးကျယ်သော ဆုံးဖြတ် ချက်တစ်ခုအဖြစ် ကာကွယ်ပြောဆိုခဲ့ပါတယ်။

“ဆန္ဒပြသူတွေဟာ ပြဿနာတွေကို သွေးထိုးလှုံ့ဆော်သူတွေပါ။ ဆန္ဒပြသူတွေဟာ လူဆိုးတွေ ဖြစ်ပြီး ထောင်ထဲမှာပဲ ရှိသင့်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပြီး ဆန္ဒပြပွဲတွေကို ရှုတ်ချလိုက် ပါတယ်။

ကစဉ့်ကလျားအခြေအနေနဲ့ အကြမ်းဖက်မှုဖြစ်အောင် ဒေါ်နယ်ထရမ့်က တပ်ဖွဲ့တွေ စေလွှတ်ခဲ့ တာလို့ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂါဗင်နယူးဆွန်က လူမှုကွန်ရက်မှာ ပြောပါတယ်။

ကိုးကား – NHK
Ref; Marines to be deployed to LA to respond to immigration protests

#Ayeyarwaddy_Times