
NUG ရဲ့အသံကို နားထောင်ဖို့နဲ့ MOGE ကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန်အစိုးရထံ ကန်အထက်လွှတ်တော်အမတ် ၅ ဦး စာရေးသားတင်ပြ
ဧရာဝတီတိုင်းမ်
သြဂုတ်လ ၂၈ ရက်
မြန်မာ့ရေနံနှင့်ဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်ဖို့၊ စစ်ကောင်စီအပေါ် အ ရေးယူမှုတွေ လုပ်ဆောင်ရာမှာ ဒေသတွင်းမိတ်ဖက်တွေကို တွန်းအားပေးဖို့နဲ့ စစ်ကောင်စီနဲ့ရုရှားကြား အာဏာ ရှင်မဟာမိတ်ပြုမှု အကျိုးဆက်တွေလျှော့ချဖို့ အမေရိကန် အထက်လွှတ်တော်အမတ် ၅ ဦးက ဘဏ္ဍာရေးဝန်ကြီး ဂျန်းနက်ယဲလန်နဲ့
နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်တို့ထံ သြဂုတ်လ ၂၅ ရက်က စာရေးသားပြီး တောင်း ဆိုလိုက်ပါတယ်။
စစ်ကောင်စီရဲ့ ဝင်ငွေရပေါက်တွေကို လျှော့ချဖို့နဲ့ ပြည်သူတွေကို နှိပ်စက်ကလူပြုရာမှာ အသုံးပြုနေတဲ့ စစ်လက်နက်တွေဝယ်ယူတဲ့ နိုင်ငံခြားတင်ငွေရပေါက်တွေကို ဖြတ်တောက်မယ့် ပိုမိုပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ အချိန်ကျပြီလို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ ဂျက်ဖရီမတ်ခ်လေ၊ ကိုရီဘွတ် ကာ၊ ဒန်နီဖန်စတိန်း၊ အက်ဒဝပ်မာကေးနဲ့
ဂယ်ရီပီတာတို့က ဆိုပါတယ်။
ရွေးကောက်ခံအစိုးရနဲ့ မြန်မာပြည်သူတွေပိုင်ဆိုင်တဲ့ MOGE ရဲ့ဝင်ငွေ ဒေါ်လာတစ်ဘီလီယံကျော်ကို စစ်ကောင်စီက မသိမ်းယူနိုင်အောင်ရပ်တန့်ဖို့ အမေရိကန်အစိုးရကို တောင်းဆိုတယ်လို့ လွှတ်တော်အမတ်တွေက ပြောပါတယ်။
MOGE ကတစ်ဆင့်ရရှိတဲ့ဝင်ငွေဟာ စစ်ကောင်စီရဲ့ နိုင်ငံခြားဝင်ငွေအားလုံးရဲ့ ထက်ဝက်နီးပါးရှိတာ ကြောင့် အမေရိကန်နိုင်ငံက MOGE ကို ဒဏ်ခတ်အရေးယူမှုတွေ ပြုလုပ်မယ်ဆိုရင် စစ်ကောင်စီကို အရှိုက်ထိစေ မှာဖြစ်ပါတယ်။
စစ်ကောင်စီကို နိုင်ငံခြားဝင်ငွေရရှိမှု နည်းပါးအောင်လုပ်ဆောင်ရင် နေအိမ်တွေ၊ ရွာတွေကို ဗုံးကြဲရာမှာ အသုံးပြုနေတဲ့ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေလိုမျိုး စစ်လက်နက်တွေဝယ်ယူဖို့ စစ်ကောင်စီက ပိုမို ခက်ခဲသွားမယ်လို့ အမေရိကန်လွှတ်တော်အမတ်တွေက ဆိုပါတယ်။
မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့အသံကို နားထောင်ဖို့နဲ့ အာဏာ သိမ်းစစ်ကောင်စီရဲ့ အဓိကဝင်ငွေရပေါက်ဖြစ်တဲ့ MOGE ကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန်အစိုးရကို တိုက်တွန်း တယ်လို့ ၄င်းတို့က ပြောပါတယ်။
အာဆီယံက မြန်မာ့အရေးဖြေရှင်းရာမှာ အရေးပါတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်မှာဖြစ်ပြီး ဘုံသ ဘောတူညီချက်ငါးရပ်ကို ကျော်လွန်လုပ်ဆောင်ဖို့ အချိန်ကျပြီလို့ အမေရိကန်လွှတ်တော်အမတ်တွေက ပြောပါ တယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအ ဝေး တက်ရောက်နေစဉ် ရုရှား နိုင်ငံခြားရေးဝန်ကြီး လာရော့ဗ်က မြန်မာနိုင်ငံသို့သွားရောက်ကာ စစ်ကောင်စီကို ထောက်ခံတယ်လို့ ထပ်လောင်းအတည်ပြုခဲ့ပါတယ်။
ဒါဟာ အမေရိကန်နိုင်ငံရဲ့ မဟာမိတ်ပြုမှုတွေနဲ့ အကျိုးစီးပွားတွေကို ဖျက်လိုဖျက်ဆီးဖြစ်စေဖို့ အာဏာ ရှင်အစိုးရတွေကို ထောက်ခံနေတယ်ဆိုတာ ရုရှားနိုင်ငံက ပြသတာဖြစ်တယ်လို့ ၄င်းတို့က စာအတွင်း ရေးသားခဲ့ ပါတယ်။
ရုရှားနိုင်ငံက ဆီးရီးယားနိုင်ငံမှာ အခုလိုမျိုး ပံ့ပိုးကူညီတာ မြင်တွေ့ခဲ့ရပြီး မြန်မာနိုင်ငံမှာလည်း အလား တူလုပ်ဆောင်လာမှာကို စိုးရိမ်တယ်လို့ ၄င်းတို့က ပြောပါတယ်။
ရုရှားက စစ်ကောင်စီကို လက်နက်တွေတင်ပို့ပြီး ကိုယ့်ပြည်သူတွေအပေါ် လေကြောင်းစစ်ဆင်ရေး ဆက် လက်ဆင်နွှဲခွင့်ပြုနေတာကို အမေရိကန်နိုင်ငံက လက်ပိုက်ကြည့်မနေသင့်ဘူးလို့ အမေရိကန်လွှတ်တော်အမတ် တွေက ပြောပါတယ်။
ကိုးကား – Senate.gov
Ref; Letter on Burma MOGE Sanctions