ဧရာဝတီတိုင်းမှာ မူလတန်းကြိုဆရာ အတက်သင်ဖြေဆိုသူများ ရာနှုန်းပြည့်နီးပါး အအောင်ပေး

အောင်မြသန်း/ဧရာဝတီတိုင်းမ်

(ဧရာဝတီ)၊ ဩဂုတ်လ ၂၈ ရက်

ဧရာဝတီတိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက လစ်လပ်သွားတဲ့ CDM ဝန်ထမ်း တွေရဲ့ နေရာအစားထိုးဖို့အတွက် မူလတန်းကြိုးဆရာအတက်သင်များခေါ်ဆိုခဲ့ပြီး စာမေးပွဲစစ်ဆေးခဲ့ပေမယ့် အားလုံး နီးပါကို အအောင်ပေးထားတယ်လို့ သိရပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး CDM မှာပါဝင်ခဲ့တဲ့ ဆရာ ဆရာမတွေရဲ့ နေရာကို စစ်ကျွန်ဖြစ်လိုတဲ့ ဆရာ ဆရာမ ၃၀၀၀ နီးပါးကို ခေါ်ယူပြီး စစ်ကောင်စီလက်အောက်ခံပညာရေးဌာနက စာမေးပွဲအစစ်ပညာပြီး အစားထိုးခန့်ထားခဲ့တာလို့ ပညာရေးအသိုင်းဝိုင်းကသိရပါတယ်။

“ ၂၀၁၅-၁၆ ဖွဲ့စည်းပုံနဲ့ ဝန်ထမ်းအင်အားအပြည့်ဖြည့််တင်းဖို့ အအောင်ပေးတာ အားလုံးဆို ၃၀၀၀ ကျော် ဝင်ဖြေတာ အကုန်အောင်တယ်ဆိုတော့ စာမေးပွဲက မဖြစ်မနေမလို့ စစ်တယ်ဆိုတဲ့ သဘောလောက်ပဲ ဖြစ်သွားတာ အရည်အချင်းပြည့်လား မပြည့်လားတော့ သေချာမပြောတက်ဘူး”လို့ ပညာရေးဝန်ထမ်းတဦးက ပြောပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ပြီး ပြည်သူနဲ့အတူ ရပ်တည်ကာ CDM ပြုလုပ်ခဲ့တဲ့ ဝန်ထမ်းများတာကြောင့် စစ်ကောင်စီက မူလတန်းကျောင်းရဲ့ဖွဲ့စည်းပုံအရ အခြေခံမူလတန်း အဆင့် စာသင်ကျောင်း ၁ ကျောင်းကို ဖွဲ့စည်းပုံပြည့်အောင် အနည်းဆုံး ၈ ဦးနဲ့ ပြန်လည်ဖွဲ့စည်းနေရတာလို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းလိုအပ်ချက်များနေတာကြောင့် အစားထိုး ခန့်ထားဖို့အတွက် ဧရာဝတီတိုင်းအတွင်းက ခရိုင်မြို့ကြီးတွေမှာရှိတဲ့ ဆရာအတက်သင်ကျောင်းတွေမှာ မူလတန်းပြ ဆရာဆရာမတွေကို ခေါ်ယူ စာမေးပွဲဖြေဆိုစေခဲ့ပြီး အားလုံးကို အအောင်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#ဧရာဝတီ #မူလတန်းကြို #ဆရာ၊ဆရာမ

#Ayeyarwaddy_Times