ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

စစ်ကောင်စီက ပဒါန်းတပ်နယ်ရှိ နတ်ရေကန်ဗျူဟာကို ကာကွယ်ရန်နှင့် ဆုံးရှုံးလိုက်ရသည့် MPT တာဝါတိုင်ကုန်းကို ပြန်ရရန် စစ်အင်အားစုဖွဲ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ ဇွန် ၉ ရက် နံနက်ပိုင်းတွင် ဂုတ်ဝကျေးရွာဘက်သို့ အင်အား ၂၀ ခန့်ရှိ စစ်ကြောင်းတစ်ခုတက်လာပြီး စပ်စီ၊ ညောင်ပင်ကုန်း၊ ဝက်စာကျင်းရွာများဘက်သို့ စစ်ကြောင်းထိုးရန် အင်အားစုဖွဲ့ပြင်ဆင်နေကြောင်း သိရသည်။

“တာဝါတိုင်ကုန်းအသိမ်းခံရပြီးကတည်းက နေ့စဉ်နတ်ရေကန်ဘက်ကို အင်အားတိုးချဲ့ပို့ဆောင်မှုတွေ လုပ်လာတယ်။ ပဒါန်းဘကါက အင်အားအပြည့်နဲ့ စစ်ယာဉ်တန်းသုံးစီး မစခ ၉၀၅ ထဲပို့ထားတာလည်းရှိတယ်။ အဲဒီအဖွဲ့ နတ်ရေကန်ဘက်ကို ၆ ရက်နေ့ကတည်းက တက်သွားတယ်”ဟု တပ်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အင်အားစုဖွဲ့ပြင်ဆင်မှုများထဲတွင် Drone Team သီး သန့်တပ်ဖွဲ့ပါရှိပြီး တာဝါတိုင်ကုန်းဘက်သို့ စစ် ကြောင်းထိုးဝင်ရောက်နေကြောင်း သိရသည်။

ပြီးခဲ့သည့်ရက်ပိုင်း ဇွန် ၈ ရက်နေ့က စစ်ကောင်စီ အင်အား ၂၀၀ ပါ စစ်ကြောင်းတစ်ခု MPT တာဝါတိုင်ကုန်းအနီးသို့ စစ်ကြောင်းထိုးလာပြီး လက်နက်ကြီးပစ်ကူနှင့် ဒရုန်းပစ်ကူများပါ အသုံးပြုခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းနှင့် AA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းတစ်ခုလုံး နောက်ဆုတ် ထွက်ပြေးရကြောင်း သိရသည်။

နတ်ရေကန်အနီး ကာကင်းစခန်းများနှင့် MPT တာဝါတိုင်ကုန်းစခန်းကုန်းကို AA က ပြီးခဲ့သည့် ဇွန် ၃ ရက်နေ့တွင် သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီက နတ်ရေကန်ဗျူဟာတွင် ရိက္ခာစုပုံပြီး ပြန်ဖြန့်သည့်ပုံစံလုပ်ထားကာ ဗျူဟာကုန်းကိုကာကွယ်ရန် ဂုတ်ဝ၊ ပဇီစသည့်ကျေးရွာများဘက်မှ အင်အားစုဖွဲ့ပို့ဆောင်ခြင်းများ လုပ်ဆောင်နေကြောင်း သိရသည်။

ဓာတ်ပုံ-AA တပ်ဖွဲ့ဝင်များ
#ပဒါန်း #နတ်ရေကန် #ဗျူဟာ #ပြန်ယူရန် #ဒရုန်းတပ် #စစ်ကြောင်း #စုဖွဲ့ #ပြင်ဆင် #Ayeyarwaddy_Times