
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
လက်ရှိကာလအတွင်းအမေရိကန်ဒေါ်လာဈေးနှုန်းငြိမ်နေပြီး ကမ္ဘာရွှေဈေးမြင့်နေသဖြင့် ပြည်တွင်းအကယ်ဒမီအခေါက်ရွှေမှာ နှစ်ပတ်အတွင်း ကျပ်နှစ်သိန်းကျော်ဈေးတက်လာကြောင်း ရွှေဈေးကွက်အတွင်းစုံစမ်းသိရသည်။
ယခုဇွန်ဒုတိယတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင် ၃၃၂၅ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးနှုန်း ိအကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ရောင်းဈေး ကျပ် ၇,၈၂၀,၀၀၀ သိန်း နှင့် ဝယ်ဈေး ကျပ် ၇,၇၄၀,၀၀၀ သိန်းရှိကြောင်းစုံစမ်းသိရသည်။
ဇွန်လပထမတစ်ပတ်တွင် ပြည်တွင်းအခေါက်ရွှေဈေးသည် အကယ်ဒမီအခေါက်ရွှေတစ်ကျပ်သားလျှင် ရောင်းဈေး ၇,၇၆၀,၀၀၀ ကျပ်နှင့် ဝဉ်ဈေးမှာ ၇၆၈၀၀၀၀ ကျပ်ဖြစ်ပြီး ယင်းအချိန်တွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၃၃၀၂ ဒေါ်လာရှိကြောင်းဈေးကွက်အတွင်းစုံစမ်းသိရသည်။
ထို့ပြင်အမေရိကန်ဒေါ်လာဈေးကကွက်တွင် ဇွန်လပထမတစ်ပတ်၌ အမေရိကန်တစ်ဒေါ်လာ ဝယ်ဈေး ၄,၃၈၀ ကျပ်နှင့် ရောင်းဈေး ၄,၄၃၀ ကျပ်ရှိပြီး ယခုတစ်ပတ်တွင် အမေရိကန်တစ်ဒေါ်လာ ဝယ်ဈေး ၄,၃၈၀ ကျပ်နှင့် ရောင်းဈေး ၄,၄၄၀ ကျပ်ရှိကြောင်း ဈေးကွက်အတွင်းစုံစမ်းသိရသည်။
စစ်ကောင်စီထုတ်ပြန်သည့် ယနေ့ ဓာတ်သတ္တုရည်ညွှန်းဈေးသတ်မှတ်ချက်တွင် ရွှေတစ်ကျပ်သား ( ၁၆ ဒသမ ၃၂၉ ဂရမ်) လျှင်ဈေးနှုန်းမှာ ၅၈ သိန်း နှစ်သောင်းဖြစ်ကြောင်းထုတ်ပြန်သည်။
ပြီးခဲ့သည့်တစ်ပတ်စစ်ကောင်စီရည်ညွှန်းဈေးတွင် အကယ်ဒမီအခေါက်ရွှေ တစ်ကျပ်သားလျှက် ကျပ် ၅၇ သိန်းကျော်ဖြစ်ကြောင်းထုတ်ပြန်သည်။
လက်ရှိတွင်သွင်းကုန်ပစ္စည်းနည်းသဖြင့်ဒေါ်လာလိုအပ်ချက်နည်းနေချိန်တွင် စစ်ကောင်စီ၏ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အမေရိကန်ဒေါ်လာများထုတ်ရောင်းပေး၍ ဒေါ်လာဈေးငြိမ်နေခြင်းဖြစ်နိုင်ကြောင်း ပို့ကုန်/သွင်းကုန်ကိုယ်စားလှယ်တစ်ဦးက မှတ်ချက်ပြုသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လပိုင်းတွင် အမေရိကန်ဒေါ်လာတစ်ဒေါ်လာလျှင် ၄,၀၈၀ ကျပ် နှင့် ပြည်တွင်းအခေါက်ရွှေဈေးနှုန်းသည် တစ်ကျပ်သားလျှင် ကျပ် ၄,၉၅၅,၀၀၀ သိန်း ၅၀ နီးပါးရှိကြောင်းသိရသည်။
#ပြည်တွင်းရွှေဈေးတက် #ဒေါ်လာဈေးငြိမ် #တစ်ကျပ်သားသိန်း၈၀နီးပါးရောက် #Ayeyarwaddy_Times