
ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန်ဒေါင့်ရဲစခန်းတိုက်ပွဲအတွင်း လာရောက်ဗုံးကြဲသည့် စစ်ကောင်စီ၏ တိုက် လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ ဇွန် ၁၀ ရက် နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်တွင် ပုလဲမြို့နယ်အတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) က ထုတ်ပြန်လာသည်။
“ပစ်ချနိုင်တာ ၁၀၀ ရာခိုင်နှုန်းမှန်ပါတယ်။ PLA က ပစ်ချလိုက်တာပါ။ Yak 130 လို့ ကနဦးသိထားပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
PLA ပစ်ချလိုက်သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ပုလဲမြို့နယ်၊ စပါးစေ့ရွာအတွင်းသို့ ပျက်ကျသွားကြောင်း သိရသည်။
အဆိုပါ တိုက်လေယာဉ်သည် မှော်ဘီလေတပ်စခန်းမှ တက်လာပြီး ပုလဲမြို့နယ်အတွင်း ဗုံးကြဲရန်လာရောက်ခြင်းဖြစ်ကာ PLA က ပစ်ချလိုက်နိုင်ခြင်းဖြစ်သည်။
ပုံစာ-ပုလဲမြို့နယ်၊ စပါးစေ့ရွာအတွင်းသို့ ပျက်ကျခဲ့သည့် စစ်ကောင်စီ၏ တိုက်လေယာဉ်အပိုင်းအစများ
#စစ်ကိုင်း #ပုလဲ #ကန်ဒေါင့် #စစ်ကောင်စီ #တိုက် လေယာဉ် #ပစ်ချခံရ #PLA #Ayeyarwaddy_Times