ဧရာဝတီတိုင်းမ်
ဇွန် ၁၀ ရက်

ရုရှားနိုင်ငံဟာ ၃ နှစ်ကြာ ယူကရိန်းစစ်ပွဲမှာ အကြီးမားဆုံး ဗုံးကြဲတိုက်ခိုက်မှုအဖြစ် ယူကရိန်းကို ဒရုန်း ၄၇၉ စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က တနင်္လာနေ့မှာ ပြောပါတယ်။

ဒရုန်းတိုက်ခိုက်မှုအပြင် ယူကရိန်းအလယ်ပိုင်းနဲ့ အနောက်ပိုင်းရှိ စစ်ရေးပစ်မှတ်တွေကို ဒုံးကျည် အမျိုးမျိုး ၂၀ စင်းနဲ့ ပစ်ခတ်ခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ဆိုပါတယ်။

တနင်္ဂနွေနေ့ညပိုင်းမှာ ရုရှားဒရုန်း ၂၇၇ စင်းနဲ့ ဒုံးကျည် ၁၉ စင်းကို ဖျက်ဆီးနိုင်ခဲ့ပြီး ဒရုန်း ၁၀ စင်း သို့မဟုတ် ဒုံးကျည်တွေကသာ ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ ယူကရိန်းလေတပ်ဖွဲ့က ဆက်ပြော ပါတယ်။

ရုရှားရဲ့ တိုက်ခိုက်မှုခံခဲ့ရတဲ့ ဒေသအချို့မှာ အခြေအနေက အလွန်ခက်ခဲနေတယ်လို့ ယူကရိန်း သမ္မတ ဇီလန်စကီးက တနင်္ဂနွေနေ့နှောင်းပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ဒရုန်းတွေကို အမှောင်ထဲမှာ ထောက်လှမ်းဖို့ ခဲယဉ်းတာကြောင့် ရုရှားရဲ့ ဝေဟင်တိုက်ခိုက်မှုတွေ ဟာ အများအားဖြင့် ညနေခင်းမှာ စတင်ပြီး မနက်ပိုင်းမှာ အဆုံးသတ်ပါတယ်။

ရုရှားနယ်မြေ (၇) ခုမှာ ယူကရိန်းဒရုန်း ၄၉ စင်းကို ပစ်ချခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီး ဌာနက တနင်္လာနေ့မှာ ပြောပါတယ်။

ညပိုင်းအချိန် ယူကရိန်းဒရုန်း ၂၅ စင်းကို ပစ်ချခဲ့ရာ ဓာတ်ငွေ့ပိုက်လိုင်းတစ်ခု ထိခိုက်ပျက်စီးပြီး မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ ရုရှားနိုင်ငံ၊ ဗိုရိုနက်ဇ်ဒေသ အကြီးအကဲ အလက်ဇန္ဒားဂူဆက်ဗ်က ပြောပါတယ်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ဟာ ယူကရိန်းနယ်စပ်မှ ကီလိုမီတာ ၆၅၀ ခန့်အကွာ ရုရှားနိုင်ငံမှာ နော့ဗ်ဂိုရော့ဒေသရှိ ဆာဗက်လေကာလေယာဉ်ကွင်းမှာ ရပ်တန့်ထားတဲ့ ရုရှားဂျက်တိုက်လေယာဉ်နှစ် စင်းကို ဖျက်ဆီးခဲ့တယ်လို့ ယူကရိန်းစစ်ဉီးစီးချုပ်ရုံးက ပြောပါတယ်။

ကိုးကား – AFP
Ref; Russia fires record 479 drones at Ukraine overnight, Kyiv says

#Ayeyarwaddy_Times