
ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် လမ်းဘေး၌ အိပ်နေသည့် ကြောင်တစ်ကောင်ကို မဲခ တူးမြောင်းအတွင်း ကန်ချခဲ့သည့် မြန်မာအမျိုးသားကို ကြောင်ပိုင်ရှင်ဖြစ်သူ၏ တိုင်ကြားချက်အရ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ ကြောင်းသိရသည်။
တူးမြောင်းထဲကန်ချခံရသည့် ကြောင် Nong Chok ၏ ပိုင်ရှင်ဖြစ်သူမှ ရဲစခန်းသို့ CCTV မှတ်တမ်းပြ၍ တို ကြားခဲ့ရာ ပြီးခဲ့သည့် ဇွန် ၆ ရက်နေ့တွင် ချင်းမိုင်မြို့မရဲစခန်းမှ ပြစ်မှုကျူးလွန်သူကို စုံစမ်းရှာဖွေခဲ့ရာ အသက် ၁၉ နှစ်အရွယ် မြန်မာအမျိုးသား ကျိုင်စိုင်းဆိုသူဖြစ်ကြောင်း သိရသည်။
CCTV မှတ်တမ်းများအရ မြန်မာအမျိုးသားကျိုင်စိုင်းသည် သူငယ်ချင်းများနှင့်အတူ လမ်းလျှောက် လာစဥ် လမ်းဘေး၌ အိပ်နေသည့် ကြောင်တစ်ကောင်ကို တွေ့ရှိခဲ့ပြီးနောက် မဲခတူးမြောင်းထဲသို့ ရည်ရွယ်ချက်ရှိရှိ ကန်ချမှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရပြီးနောက် ကျိုင်စိုင်းမှ ဖြစ်ပေါ်လာမည့်အကျိုးဆက်များကို သိရှိခြင်းမရှိသည့်အတွက် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့ပြီး ရဲတပ်ဖွဲ့မှ ၎င်းကို တိရစ္ဆာန် နှိပ်စက်ညှင်းပန်းမှုဖြင့် ဥပဒေအရ အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကား – Chainmai City Life
#ချင်းမိုင်မြို့ #မဲခတူးမြောင်း #အိပ်နေသည့်ကြောင် #Ayeyarwaddy_Times