
ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်
တရုတ်နိုင်ငံဟာ မီးခိုးရောင်ဇုန်မဟာဗျူဟာမှတစ်ဆင့် ထိုင်ဝမ်အပေါ် ဖိအားပေးနေတယ်လို့ ထိုင်ဝမ်သမ္မတ လိုင်ချင်တေးက စွပ်စွဲလိုက်ပြီး ယင်းဖိအားကို တုံ့ပြန်မယ့်စွမ်းရည်တွေမြှင့်တင်ဖို့ တောင်း ဆိုလိုက်ပါတယ်။
လိုင်ချင်တေးဟာ တနင်္ဂနွေနေ့က တောင်ပိုင်းရှိဆိပ်ကမ်းမြို့ Kaohsiung မှာပြုလုပ်တဲ့ ထိုင်ဝမ် ကမ်းခြေစောင့်တပ်ဖွဲ့နဲ့ စစ်တပ်ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို စစ်ဆေးခဲ့ပါတယ်။
ပုံစံတူလေ့ကျင့်မှုမှာ အကြမ်းဖက်သမားတွေက ရေယာဉ်တစ်စင်းကို သိမ်းပိုက်ခဲ့ပြီး အထူးတပ်ဖွဲ့ ဝင်တွေက အဆိုပါရေယာဉ်ကို ပြန်လည်ထိန်းချုပ်တဲ့ပုံစံ လေ့ကျင့်ခဲ့ကြကာ ဒဏ်ရာရရှိသူတွေကို ကယ် ဆယ်မယ့် ရဟတ်ယာဉ်တစ်စင်းရဲ့ လေ့ကျင့်မှုကိုလည်း ပြုလုပ်ခဲ့ပါတယ်။
ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ စဉ်ဆက်မပြတ်သော မီးခိုးရောင်ဇုန် ကျူးကျော်မှုကို ရင်ဆိုင်နေရ တယ်လို့ မိန့်ခွန်းတစ်ခုမှာ လိုင်ချင်တေးက ပြောကြားခဲ့ပါတယ်။
အဆိုပါဝေါဟာရဟာ လက်နက်ကိုင်တိုက်ခိုက်မှုကို ရပ်တန့်တဲ့ ထိုင်ဝမ်အပေါ် ဖိအားပေးတဲ့ စစ် ဆင်ရေးတွေကို ရည်ညွှန်းပါတယ်။ တရုတ်နိုင်ငံဟာ ထိုင်ဝမ်အပေါ် စစ်ရေးဖိအား ပုံမှန်ပြုလုပ်နေတယ် လို့ ၎င်းက စွပ်စွဲခဲ့ပါတယ်။
ရေယာဉ်နဲ့ ဒရုန်းသစ်တွေ တည်ဆောက်မယ့် ငွေကြေးမတည်ဖို့၊ စောင့်ကြည့်ရေးစနစ်တွေ တည် ဆောက်ဖို့နဲ့ လူသားဖွံ့ဖြိုးရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ၎င်းက တောင်းဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Taiwan’s Lai calls for strengthening capabilities to respond to China pressure
#Ayeyarwaddy_Times