ဧရာဝတီတိုင်းမ်
ဇွန် ၉ ရက်

၂၀၂၆ ခုနှစ် သက်တမ်းဝက် ရွေးကောက်ပွဲမှာ ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ကို ငွေကြေးမထောက်ပံ့ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘီလျံနာမဟာမိတ် အီလွန်မတ်စ်ကို သ တိပေးလိုက်ပါတယ်။

“အီလွန်မတ်စ်က ဒီမိုကရက်တွေကို ငွေကြေးထောက်ပံ့ရင် ကြီးမားတဲ့ အကျိုးဆက်တွေ ပေး ဆပ်ရပါမယ်” လို့ ဒေါ်နယ်ထရမ့်က NBC ရုပ်သံဌာနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ လက်ထောက်တွေ၊ ရီဗက်ပလီကင်အမတ်တွေနဲ့ ကြွယ်ဝချမ်းသာတဲ့ အလှူရှင် တွေက မပြေလည်မှုတွေ အဆုံးသတ်ပြီး ငြိမ်းချမ်းရေး ပြုလုပ်ကြဖို့ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်ကို တိုက်တွန်းခဲ့ပါတယ်။

ထောင်နဲ့ချီတဲ့ မှတ်တမ်းတွေ၊ ရုပ်သံဖိုင်တွေနဲ့ စုံစမ်းစစ်ဆေးရေးကိရိယာတွေကို ပြန်သုံးသပ်နေ တယ်လို့ ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က ဝန်ခံခဲ့ပါတယ်။

အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ရဲ့ ကုန်ကျစရိတ် ဖြတ်တောက်ရေးအခန်း ကဏ္ဍမှ နှုတ်ထွက်ဖို့ ပြီးခဲ့တဲ့အပတ်အတွင်း ဒေါ်နယ်ထရမ့်က အီလွန်မတ်စ်ကို ပြောကြားခဲ့ပါတယ်။

အီလွန်မတ်စ်ဟာ ဒေါ်နယ်ထရမ့်အပေါ် တိုက်ခိုက်မှုပြုလုပ်ပြီး အမှားကြီးတစ်ခုပြုလုပ်ခဲ့တယ်လို့ ဒုတိယသမ္မတ ဂျေဒီဗန့်က ပြောကြားခဲ့ပါတယ်။

“သမ္မတ ဒေါ်နယ်ထရမ့်နဲ့ အီလွန်မတ်စ်တို့ ပြန်လည်ပြေလည်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။

ကိုးကား – Aljazeera
Ref; Trump warns Musk of ‘serious consequences’ if he funds Democrats

#Ayeyarwaddy_Times