ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

စစ်ကောင်စီက ဂျွန်လွင်ကို ပုဒ်မ ၅၀၅ ထုတ်ထားသည့် အဆိုတော်ချမ်းချမ်းရောင်းချသော ပစ္စည်းများကို ဝယ်ယူသည်ဟု အကြောင်းပြ၍ ဖမ်းဆီးလိုက်ကြောင်း သိရသည်။

စစ်ကောင်စီသည် Star & Model Agency တည်ထောင်သူ ဂျွန်လွင်ကို အဆိုတော်ချမ်းချမ်း ရောင်းချသည့်ကုန်ပစ္စည်းများ ဝယ်ယူဖြန့်ဖြူးသည်ဟူသော စွပ်စွဲချက်ဖြင့် ပြီးခဲ့သည့် ဇွန် ၅ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“ချမ်းချမ်းရောင်းတဲ့ ပစ္စည်းတွေ ဝယ်တာ ဘာတစ်ခုမှမရှိဘူး။ စစ်တပ်အကြောင်းကောင်းကောင်းသိလို့ ငြိနိုင်မယ့်အရာတွေ အကုန်ရှောင်တယ်။ အဓိကတော့ ခိုင်နှင်းဝေကို ဝေဖန်လို့ ဖမ်းတယ်လို့ သိထားရတယ်” ဟု ဂျွန်လွင်နှင့်နီးစပ်သည့် အနုပညာရှင်အသိုင်း အဝိုင်းမှ ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်တပ်ထောက်ခံ ဝါဒဖြန့်ချန်နယ်များတွင် ဂျွန်လွင်သည် အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ကို ထောက်ပို့လုပ်နေသည့် ချမ်းချမ်း ရောင်းချသော ပစ္စည်းများ တစ်ဆင့်ပြန်လည်ရောင်းချသည်ဟုဆိုကာ ဖမ်းဆီးရန် တွန်းအားပေး ရေးသားထားကြောင်း တွေ့ရသည်။

ထို့အပြင် ဂျွန်လွင်သည် သရုပ်‌ဆောင်ခိုင်နှင်းဝေက ငွေမှားလွှဲသူကို ငွေပြန်မပေးသည့်ကိစ္စနှင့်ပတ်သက်ပြီး ဝေဖန်ရေးသားသည်ကို စစ်တပ်ထောက်ခံသူများမှ တရားစွဲဖမ်းဆီးရန် တိုက်တွန်းရေးသားထားသည်များကိုလည်း တွေ့ရသည်။

စစ်ကောင်စီသည် ဖမ်းဝရမ်းထုတ်ထားသည့် ပြည်ပရောက် အနုပညာရှင်များ၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်သူ များကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီသည် အဆိုတော်ချမ်းချမ်း အွန်လိုင်းမှရောင်းချသည့် ကုန်ပစ္စည်းများကို ဝယ်ယူဖြန့် ဖြူးသည်ဟုဆိုကာ မန္တလေးနှင့် ရန်ကုန်ရှိ ပြည်သူနှစ်ဦးကို ဖမ်းဆီးပြီး တရားစွဲဆိုမှုများ ပြုလုပ်ထားသည်။

#စစ်ကောင်စီဖမ်းဆီး #ဂျွန်လွင် #အဆိုတော်ချမ်းချမ်း #စွပ်စွဲ #Ayeyarwaddy_Times