
ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် တရားရုံးတွင် တပ်စွဲနေထိုင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဝေးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
ယမန်နေ့ ဇွန် ၇ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် 79 အဝေးပစ်လောင်ချာဖြင့် ၄၀ မမ ဗုံးသီးနှစ်လုံးဖြင့် တောင်ဒဂုံတရားရုံးတွင် တပ်စွဲနေသည့် စစ် ကောင်စီတပ်ဖွဲ့ဝင်များကို ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း Yangon Army YA ကထုတ်ပြန်ထားသည်။
“ည ၇ နာရီကျော်ရင် ပျူတွေက ကင်းပတ်တာတွေ ပေါ်တာဆွဲတာတွေရှိနေတော့ ညကတိုက်ခိုက်ခံ ရတာနဲ့ ပတ်သက်ပြီး သိပ်မသိကြဘူး။ နေရာကနည်းနည်း လှမ်းတာလည်း ပါမယ်”ဟု တောင်မြောက် လမ်းဆုံအနီး နေထိုင်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
Yangon Army-YA နှင့် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲနေ သည့်နေရာကို ထိထိရောက်ရောက် ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း YA ဆိုသည်။
ထို့အပြင် စစ်ကောင်စီနှင့်ပတ်သက်သည့် ပစ်မှတ်များအား ဆက်လက်တိုက်ခိုက်သွားမည် ဖြစ်ကြောင်း အသိပေးဖော်ပြထားသည်။
တရားရုံးတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရသော် လည်း ဒဂုံတောင်ပိုင်းတွင် လမ်းပိတ်စစ်ဆေးမှုများမရှိဘဲ တိုက်ခိုက်ခံရမှုကို သတင်းဖုံးထားကြောင်း သိရသည်။
#ရန်ကုန် #တောင်ဒဂုံ #တရားရုံး #တပ်စွဲ #စစ်ကောင်စီတပ် #အဝေးပစ် #လောင်ချာ #တိုက်ခိုက်ခံရ #YA #Ayeyarwaddy_Times