ဧရာဝတီတိုင်းမ်
ဇွန် ၈ ရက်

ထိုင်းနိုင်ငံက အငြင်းပွားနယ်စပ်တစ်လျှောက် စစ်အင်အား ဖြည့်တင်းလိုက်ပြီလို့ ကာကွယ်ရေး ဝန်ကြီး ဖန်သန်ဝီချာရာချိုင်းက ပြောကြားပါတယ်။

မေလ ၂၈ ရက်က အငြင်းပွားနယ်စပ်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ကမ္ဘောဒီးယားစစ်သားတစ်ဉီး သေဆုံးခဲ့ပြီးနောက် အိမ်နီးချင်းနှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။

တင်းမာမှု လျှော့ချစေနိုင်မယ့် နှစ်နိုင်ငံဆွေးနွေးဖို့ အဆိုပြုချက်တွေကို ကမ္ဘောဒီးယားနိုင်ငံက ပယ်ချခဲ့တယ်လို့ ထိုင်း ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဝီချာရာချိုင်းက ဆိုပါတယ်။

“နယ်စပ်တစ်လျှောက် တင်းမာမှုတွေ ပိုဆိုးလာစေခဲ့တဲ့ စစ်အင်အားတိုးချဲ့မှုတွေ ရှိခဲ့ပါတယ်” လို့ ၎င်းက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

“ပဋိပက္ခကို အစမပျိုးတာက ကျွန်တော်တို့ရဲ့ရပ်တည်ချက် ဖြစ်ပေမယ့် ကိုယ့်ကိုကိုယ် ခုခံကာ ကွယ်မှာ ဖြစ်ပါတယ်” လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်က စနေနေ့အစောပိုင်း မိန့်ခွန်းတစ်ခု မှာ ထည့်ပြောခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ဥပဒေမူဘောင်တွေကို လေးစားသမှုရှိကြောင်း၊ အဆိုပါမဟာဗျူဟာတွေက တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ရာမှာ အရေးကြီးကြောင်း၊ စစ်တပ်က ကျူး ကျော်တိုက်ခိုက်မှုကို ကာကွယ်ဖို့ အဆင်သင့်ရှိကြောင်း သူက ဆိုပါတယ်။

တည်ငြိမ်မှု ပြန်လည်ရရှိစေမယ့်နည်းလမ်းနဲ့ နှစ်နိုင်ငံဆွေးနွေးပွဲ ဆက်လက်ပြုလုပ်ဖို့ ထိုင်းနိုင်ငံ က သံန္နိဌာန်ချထားဆဲဖြစ်တယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက စနေနေ့မှာ ပြောကြားခဲ့ပါတယ်။

အာဆီယံအဖွဲ့ လက်ရှိဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ တရုတ်နိုင်ငံရဲ့ တင်းမာ မှုတွေ လျှော့ချဖို့ ကြိုးပမ်းမှုတွေရှိလင့်ကစား ထိုင်းနဲ့ ကမ္ဘောဒီးယားက နယ်စပ်တစ်လျှောက် အင်အား ဖြည့်တင်းမှု ပြုလုပ်ခဲ့တာပါ။

ထိုင်းနဲ့ကမ္ဘောဒီးယားဟာ ၅၀၈ မိုင်ရှိ နယ်စပ်တစ်လျှောက် နယ်နိမိတ်မတိုင်းတာရသေးတဲ့ နေ ရာတွေမှာ ပိုင်နက်နယ်မြေ အငြင်းပွားမှုဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခု ကျော်ခဲ့ပြီဖြစ်ပါတယ်။

ထိုင်းနဲ့ကမ္ဘောဒီးယား နယ်စပ်အငြင်းပွားမှုဖြေရှင်းမယ့် နှစ်နိုင်ငံ ပူးတွဲနယ်စပ်ကော်မရှင် အစည်း အဝေးကို ဇွန်လ ၁၄ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ကိုးကား – Reuters
Ref; Thailand and Cambodia reinforce troops along disputed border: Thai minister

#Ayeyarwaddy_Times